some text some text some text some text some text some text
အမှတ်စဉ်(၅၁)သူငယ်ချင်းများ နိုင်ငံ့တာဝန်များကို ဆထက်တံပိုး ထမ်းဆောင်နိုင်ပါစေ

ADMIN နှင့်ဆက်သွယ်ရန်

Showing posts with label အကျိုးပြုဆောင်းပါး. Show all posts
Showing posts with label အကျိုးပြုဆောင်းပါး. Show all posts

Tuesday, September 20, 2011

ဧရာဝတီ အပေါ် မှန်ကန်စွာတန်ဖိုးထားနိုင်ပါစေ

ကိစ္စ တစ်ခုအပေါ် အခြေခံ ၍ စာရေးသူ အတော်များများ ဟာ ကိုယ်ပိုင် စိတ်ကူး ၊ ထင်မြင်ချက်များကို ဖော်ပြကြတာတွေ့ရပါတယ်။ မှန်ပါတယ်။ ကိုယ်ပိုင် ထင်မြင်ချက်တွေကို ဖော်ပြကြတယ်ဆိုတာ လက်ခံနိုင်တဲ့ အကြောင်းအရာတစ်ခုပါ။ထို ဖော်ပြချက်များဖြင့် စာဖတ် ပရိတ်သတ်တို့ မတွေးမိ မမြင်မိ
သည်များကို အသိပေးရာ ကျသဖြင့် အလွန် အဖိုးတန်လှပါတယ်။ထိုကဲ့သို့သော အဖိုးတန် စာပေများကို တဖက်စောင်းနင်း ရေးသားခြင်းများကတော့ အလွန် စိတ်ပျက်စရာကောင်းလှပါတယ်။


ယခုလက်ရှိ ဧရာဝတီ မြစ်စုံ စီမံကိန်း နှင့် ပက်သက် ၍ စာရေးသူ အချို့ မှာ အဆိုးဘက်ကို သာဇောင်းပေးရးသားခြင်းမျိုးတွေ့ ရပါတယ်။ကိစ္စတခုဆောင်ရွက်မည်ဆို ပါက မလုပ်ဆောင်မီအချိန်မှစ၍
တိကျ သေချာစွာ ဖြစ်ပေါ်လာမည့်အကောင်း နှင့်အဆိုး ကိုသာနှိုင်းယှဉ်တွက်ဆသင့်ပါသည်။
အကောင်း နှင့် အဆိုး တွင်ကောင်းကျိုးက များနေမယ် ဆိုရင် ထို အလုပ်ကို အကောင်အထည်ဖော်
မလုပ်ဆောင်သင့်ဘူးလား။ဧရာဝတီ မြစ်စုံ နှင့် ပက်သက် ပြီး ဆိုးကျိုးမြောက်မြားစွာ ကို
ထောက်ပြရေးသားထားသော စာရေးသူ တို့တွင်သူတို့ ထင်မြင်နေသော အချက်များတွင် မည်သည့် အရာ က သေချာပေါက် ဖြစ်ပေါ်လာမယ် ဆိုတာပါပါသလဲ။ဖြစ်လာနိုင်သည် တွေက များနေတာတွေ့ ရ ပါတယ်။
သူတို့ ရေးသားသည်များ တွင် ဖြစ်ပေါ်လာမယ့် အကျိုး ဆိုတာ မရှိတော့ဘူးလား။ ထိုသူတို့ စိတ်ဓါတ် များ
ဟာ ဤ မျှ အဆိုးဘက်တွင်သာ ဖြစ်တည်နေပြီလား။ထိုသို့ အဆိုးဘက်တွင်သာ အားသန်နေသော
သူများတွင် မည်သည့် အလုပ်အကိုင်မျှ ဖြစ်လာနိုင်စရာ အကြောင်းမရှိတော့ပါ။ဒီလိုတွေးပူ နေခြင်းကိုက
ဘယ်အလုပ်မျှ ကို မဖြစ်ထွန်းစေနိုင်ပါ။ဖြစ်သွားရင်ဖြင့် ၊ ဖြစ်သွားလိမ့်နိုး များဖြင့်သာ သံသရာလည်နေမှာ
အသေအချာပါပဲ။


အကောင်း နှင့် အဆိုး ဟူသည် အမြဲဒွန်တွဲ နေတတ်သည့်အရာတွေဖြစ်ပါတယ်။ဒါ့ကြောင့် ဘယ်ကိစ္စ မှာမဆို အကောင်း၊အဆိုး ဆိုတာကတော့ရှိနေမှာပါ။အဆိုးတွေကိုပဲ မြင်ပြီး စိုးရိမ်ပူပန်နေမိပြီ ဆိုပါက ဘယ်အရာမှမဖြစ်လာနိုင်ပါဘူး။ဘာမှဖြစ်မလာဘူးဆိုမှတော့ အောင်မြင်မှု့ ဆိုတာ ဘယ်လာရှိမှာတုန်း။
သင့်မှာ ထိုသို့ စိတ်မျိုး ရှိနေပြီဆိုက သင် ဟာ အောင်မြင် မှု့ နဲ့ဝေးကွာသူ တစ်ဦး ဖြစ်နေပြီဆိုတာယုံမှား
သံသယဖြစ်စရာမရှိပါဘူး။အောင်မြင်မှု့ ဆိုတာ မရှိဘူးဆိုလျှင်တော့သင်စိတ်ပျက်မိမှာအမှန် ဖြစ်ပါတယ်။
သို့သော် ကြိုးစားအားထုတ်မှု့ မပြုဘူးဆိုလျှင်တော့ သင့် တဘ၀လုံး သေသွားမှာပါ။


စာရေးသူအတော်များများမှ ဧရာဝတီ ၏ နောင်ရေးအတွက် စိုးရိမ်းကြောင်းရေးသားထားတာတွေ
တွေ့ရတယ်ဗျ။"သင် စိုးရိမ်ပူပန် နေသော အရာ တို့၏ ၉၉ ရာခိုင်နှုန်း မျှသည် လုံးဝဖြစ်လာလိမ့်မည် မဟုတ်"ဟူ၍ စိတ်ပညာ သုတေသီတို့က ရဲရဲဝံ့ဝံ့ အာမခံခဲ့ဖူးပါတယ်။ဒါ့ကြောင့် ကျွန်တော်တို့ခင်ဗျားတို့ရဲ့
စိုးရိမ် ပူပန်နေမှု့ တွေကို လျော့မချသင့်ပေဘူးလား ..........
William Ralph Inge ဆိုသူကလည်း "စိုးရိမ်သောက ဟူသည် နောင်ကြုံတွေ့ ရမည့် ဒုက္ခ အတွက်
အတိုးများ ကြိုတင်ပေးဆပ်နေရခြင်းဖြစ်သည်" တဲ့...။ခင်ဗျား တို့ ကျွန်တော် တို့ ကရော ထိုကဲ့သို့ အတိုးများ ကိုကြိုတင် ပေးချင်လို့လား။အမှန်တကယ် ဖြစ်သင့်သည်မှာ စောစော ကပြောခဲ့သလို
အကောင်းအဆိုး ကို နှိုင်းယှဉ်၊ ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများကို အနည်းဆုံးဖြစ်အောင် ဘယ်လိုကြိုတင် ကာကွယ်နိုင်မယ် ၊ ရရှိလာမည့် ကောင်းကျိုး တွေကို ဘယ်ပုံ ဘယ်နည်း နဲ့ပို၍ တိုးပွား စေနိုင်မယ်
စတာတွေကို တွေးတောလုပ်ဆောင်ကြဖို့ မဟုတ်ပေဘူးလား။အဆိုး ဘက်မှာ ပဲ ခေါင်းနှစ် မထားကြဖို့
တိုက်တွန်းချင်ပါတယ်။အောင်မြင်မှု့ ဆိုတာ ဟာ ငွေ နှင့်ပေးဝယ် ၍ မရနိုင်ပါ။အောင်မြင်မှု့ ရရှိ ရန်အတွက် မှန်ကန်သော တွေးခေါ်မှု့၊အကောင်အထည်ဖော် ဆောင်ရွက်မှု့ ၊ အားထုတ် ကြိုးပမ်းမှု့ ၊
အပင်ပန်းခံ နိုင်မှု့ တို့ ပေါင်းစပ်မှသာရရှိနိုင်တာပါ။


တရုတ် နိုင်ငံ ရဲ့ မြစ်ဝါမြစ် ကဲ့သို့ ဧရာဝတီ ပါဖြစ်လာနိုင်သည်ဟုဆိုထားပါသည်။ဟုတ်ပါတယ် အဲ့အတိုင်းပဲ သွားမယ်ဆိုရင်တော့ အဲ့လိုပဲ မလွဲမသွေ ဖြစ်မှာအမှန်ပါ။တဖက်က လှည့်တွေးကြည့်ကြစို့လား။
မိမိ ရှေ့ တွင် ထိုကဲ့သို့ သာဓက ရှိနေသည် ဆို သည် ကပင် မိမိ အတွက် အကျိုး တစ်ခု မဟုတ်ပေဘူးလား။ထိုကဲ့ သို့မဖြစ်ပေါ်အောင်မည်သို့ လုပ်ဆောင်ရမည် ဘယ်လိုထိန်းသိမ်း ရမည်
ဆိုတဲ့ အသိတရားတွေ ကအမြတ်မဟုတ်ပေဘူးလား။ထိုအချက်ကို မတွေးတောမိကြတာလား သိလျက်နှင့်
ပင် မျက်နှာလွှဲထားသလား ဆိုတာတော့ ဖြင့် ကာယကံရှင်များသာ အသိဆုံးဖြစ်ပေလိမ့်မည်။
ဆည်တွေ ရေလှောင်တမံ တွေဟာ ဧရာဝတီ မြစ် ကို ပျက်စီး စေရန် တိမ်ကော စေတယ်၊
ဧရာဝတီ မြစ်ဟာ ကျွန်တော်တို့ နိုင်ငံ ၏ စိုက်ပျိုးမွေးမြူရေး အတွက်
အဓိကအသက်သွေးကြောဖြစ်တဲ့အတွက်ဆည်၊တမံများဆောက်လုပ်ခြင်းဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုထိခိုက်စေနိုင်တယ်လို့ ဆိုထားတယ်ဗျ။ဒီ အယူအဆ ကိုတော့ ကျွန်တော်
အပြည့်အ၀ ငြင်းဆို ပါတယ်။မြန်မာနိုင်ငံ ရဲ့စိုက်ပျိုးမွေးမြူရေး အတော်များများ အတွက် ဆည်၊တမံတွေ
ဟာဘယ်လောက်အရေးပါပြီးဘယ်လောက်အကျို ပြုနေတယ် ဆိုတာ အားလုံးအမြင်ပါ။တောင်သူဦးကြီးများ
အသိပါ။ဒါကို စိုက်ပျိုးမွေးမြူ မှု့ လုပ်ငန်းတွေ မှာ ထိခိုက်ပြီး မြန်မာနိုင်ငံရှိလူအများစားနပ်ရိက္ခာရှားပါးမယ်၊
ကုန်းကောက်စရာမရှိအောင် ဆင်းရဲ မွဲတေမယ်ဆိုတာတော့ ဖြင့် ဘယ်လိုမှ လက်ခံ နိုင်စရာ မရှိပါဘူး။
နောက်တစ်ခု မြန်မာနိုင်ငံ ရဲ့ လူဦးရေ ၆၀ ရာခိုင်နှုန်း ခန့်ဟာ သွားရေးလာရေး စားရေးသောက်ရေးများ ကိုဧရာဝတီမြစ်ပေါ်မှာအခြေခံပြီးအသက်ရှင်နေရတယ်လို့ဆိုထားပါတယ်။မှန်ပါတယ်သို့သော်ခင်ဗျားတို့က
သူတို့ကိုမြစ်ကမ်းခြေမှာသာနေထိုင်ပြီးလှေဖြင့်သာခရီးသွားစေချင်သလား။သူတို့အတွက် အသိပညာဗဟုသုတတွေ မဖွင့်ပေးချင်တော့ဘူးလား။ဧရာဝတီ မြစ်စုံ မှရရှိလာမည့်အကျိုးအမြတ်များ ဖြင့်
ကျွန်တော်တို့တိုင်းပြည်တွင် လမ်း၊တံတားများ၊အဆင့်မြင့်အဆောက်အအုံများ၊အဆင့်မြင့်
ပညာသင်ကျောင်းများ၊တိုးချဲ့ဆောက်လုပ်လာနိုင်မည် ၊ ကျေးရွာဒေသများ တွင်ပါ သင့်တင့်သော
လျှပ်စစ်မီးများ ရရှိလာနိုင်သည်၊ကျေးရွာများရှိ ကလေးသူငယ်များ အဆင့်မြင့် ပညာများကိုအလွယ်တကူ
သင်ကြားလာနိုင်မည် ၊ ထိုအရာများဖြင့် နောင်တစ်ချိန် မျိုးဆက်သစ်များ ၏ အတွေးအခေါ် အနေအထိုင်များ အဆင့်အတန်းမြင့်လာမည်၊တိုင်းပြည်အဆင့်အတန်းမြင့်လာမည်စသည်များကိုလည်း ထည့်သွင်းစဉ်းစား
သင့်ပေသည်။မိမိတို့ကိုပေးထားသော သဘာဝတရားကို ဒီအတိုင်းထိန်းသိမ်းထားလျှင်
အချည်းနှီးသာဖြစ်ပေလိမ့်မည်။အကျိုးရှိအောင်အသုံးချတတ်မှသာ အကျိုးရှိပေလိမ့်မည်။
ဥပမာ ပြောရလျှင် မိမိတွင် ရှိသောငွေကြေးများကိုမြေကြီးအောက်တွင်မြှပ်နှံထား ရုံဖြင့် မတိုးပွားလာနိုင် အလုပ်တခုအပေါ် ရင်းနှီးမြှပ်နှံထားမှသာတိုးပွားနိုင်ပေမည်။မြေသြဇာများ ကို ဂိုဒေါင်တစ်ခုတွင်
သိမ်းဆည်းထားရုံမျှ ဖြင့်မည်သည့် အကျိုးမျှမဖြစ်လာနိုင်ပါ။လိုအပ်တဲ့ ပတ်ဝန်းကျင်သို့ဖြန့်ကျဲလိုက်မှသာ
လျှင်အသီးအပွင့်များဝေဆာလာနိုင်ပေမည်။မှန်ကန်စွာတွေးတောနိုင်ပါစေရန် ရည်ရွယ်ပါသည်။
လက်ရှိမြန်မာနိုင်ငံ ရှိလူအတော်များများမှာ နိုင်ငံတကာအရေးကိစ္စများအပေါ်တွင် အာရုံစိုက်မှု့အင်မတန်အားနည်းပါသည်။ထိုအရေးကိစ္စ ထက်မိမိ တို့၏ စားဝတ်နေရေး မိမိ တို့
အကျိုးစီးပွားတွင်သာအာရုံစိုက်၍ အေးဆေးစွာနေချင်ကြသည့် သူများကများပါလိမ့်မည်။
လေ့လာလိုက်စားရန် အတွက် အချိန်ပိုလည်းမရှိပါ။ထို့ကြောင့်တစ်စုံတစ်ဦးမှ ပြောဆိုလာသည်
ကိုပင် လက်ခံလိုက်တတ်ကြသည်က များပေသည်။ထိုအချက်ကို အခွင့်ကောင်းယူ၍ သူတို့၏ ဗဟုသုတများ ၊ အတွေးအခေါ် များကိုလွဲမှားသောလမ်းကြောင်းပေါ် သို့ ဆွဲခေါ်သည်များရှိနေပါသည်။


သူတစ်ပါး တိုင်းပြည်များကို အထင်ကြီးစိတ် အားကိုးစိတ်များ ဖြစ်ပေါ်စေရန် ၊မိမိ တိုင်းပြည်အပေါ်
အထင်သေးခြင်း၊အမြင်မှားခြင်းများဖြင့် မိမိ တိုင်းပြည် ငြိမ်းချမ်းခြင်းကို မလိုလားပဲ ဆူပူမှု့ များ
ဖြစ်ပေါ်စေရန် ရည်သန်၍ ရေးသားပြောဆိုခြင်းများကိုလဲ တွေ့မြင်နေရပါသည်။ ထို အချက်များကိုရှောင်ရှား ၍မြန်မာ တစ်မျိုးသားလုံး ၏ အသိ အမြင် များ ကို မိမိလိုရာသို့ ဆွဲခေါ် ခြင်းမျိုး မဟုတ်ပဲ မှန်ကန် မျှတ သော သတင်းဆောင်းပါးများ၊အတွေးအခေါ်များ ဖြင့် သာ မိမိတိုင်းပြည် နှင့် လူမျိုး အကျိုးစီးပွားကို
တတ်စွမ်းသမျှ မြှင့်တင်ကြရန် ဆန္ဒပြုရင်း.......................

http://aboutofmyanmar7.blogspot.com/2011/09/blog-post_03.html မှ ကူးယူဖော်ပြပါကြောင်း

မြစ်ဆုံဆည်ကြီးတည်ဆောက်ခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်မည့် ကောင်းကျိုးများ...

ဘာတွေ အကျိုးအမြတ်ရမလဲ… မင်းတို့ဟာက တရုတ်အတွက်ပါ… တရုတ်ကြီးကို ပေးနေတာပါ.. တရုတ်စီးပွားရေးပါကွာတဲ့… ဟုတ်ပီဗျာ… လက်ရှိအနေအထားဟာ.. နိုင်ငံတော် အတွက် တိုးတက်ရာ တိုးတက်ကြောင်းတွေကို ပြုပြင်ပြောင်းလဲ မွန်းမံနေတဲ့ အခါသမယဖြစ်တဲ့ အဲဒီအတွက်ကြောင့် နိုင်ငံ့ဝင်ငွေ တိုးပွားလာအောင် စီးပွားရေးရင်းနှီးမြုပ်နှံမှု စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေ၊ စီးပွားရေး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရမယ့် အခါသမယဖြစ်ပါတယ်… အဲဒီအချိန်မှာ… ကျွန်တော်တို့ဟာ.. ဒီပရောဂျက်ကို စထားပြီး မလုပ်ဘူး လုပ်ဖြစ်တော့ဘူးဆိုပြီး ဘုမသိဘမသိတဲ့ သူတွေ အော်သလို အေးကွာဖျက်လိုက် ကောင်းတယ် မလုပ်နဲ့ဆိုပြီး ဖျက်ပေးလိုက်ပါဘီဗျာ.. ကဲ.. နောက်ထပ် ရင်နှီးမြုပ်နှံမယ့် သူတွေ ရဲ့ ယုံကြည်မှုတွေကို ဘယ်လိုရယူတော့မလဲ… ??? ဒီမြန်မာနိုင်ငံကြီးက အလကားဟာတွေပါကွာ.. လွယ်လွယ်ကတိပေး ဟေးလာဝါးလားနဲ့ လွယ်လွယ်ဖျက်… စီးပွားရေးကို မညီမညွှတ်နဲ့ အဲလိုလုပ်တယ်ဆိုပြီး ဘယ်နိုင်ငံက လာရောက်ရင်းနှီး မြုပ်နှံတွေ လုပ်ကြတော့မှာလဲဗျာ…
ကဲ…ကွာ.. ဒီအစိုးရက ဆောက်ခွင့်ပေးလိုက်ပီ ကဲဘာအကျိုးအမြတ် ရမှာလဲ… ဟုတ်ကဲ့ဗျ.. စာဖတ်သူတို့ပဲ စဉ်းစားကြည့်ပေါ့ဗျာ.. အခုလက်ရှိ အစိုးရသက်တမ်းက ငါးနှစ်ဗျ လုပ်မယ့် ပရောဂျက်က ၈ နှစ်ကျော်ဆယ်နှစ်နီးပါးကြားမှာ.. နောက်အစိုးရ လက်ထပ်ကြမှ ကောင်းကျိုးတွေကို ခံစားရမှာ… အဲဒါကြောင့် လက်ရှိ အစိုးရက နာမည် အပျက်ခံပြီး ကောင်းရာ ကောင်းကျိုးကို လုပ်ပေးနေတယ်ဆိုတာ ထင်ရှားပါတယ်.. ကောင်းကျိုးတွေက ဘာတွေလဲ… ဘာတွေရမှာလဲ…??
ကျွန်တော်တို့က free power ၁၀% အလကားရတယ်။ ဒီကောင်က ၁၈၀၀၀ ထွက်ရင် ကျွန်တော်တို့က ၁၈၀၀ အလကားရမယ် ကျွန်တော်တို့ လက်ရှိတစ်နိုင်ငံလုံး သုံးနေတာထက် ၂၀၀ တောင်ပိုများတယ်နော်… စဉ်းစားကြည့်… ။ နောက်တစ်ခါ သူ့ဆီက သူက လာရောက်ရင်းနှီး မြှုပ်နှံတယ်။ ကျွန်တော်တို့ရဲ့ resource ကိုသုံးတာ ဖြစ်တဲ့အတွက် ၁၅% အရင်းထည့်ပေးရတယ်။ ကျွန်တော်တို့အရင်း၊ ကျွန်တော်တို့ free share ၁၅% ရတယ်။ ဒီလျှပ်စစ်က Both Country သုံးခွင့်ရှိတဲ့အတွက် နှစ်နိုင်ငံလုံး သုံးခွင့်ရှိတဲ့အတွက် ကျန်တဲ့ဟာကို ကျွန်တော်တို့ ကြိုက်သလောက် ၀ယ်သုံးလို့ရတယ်။ နောက်တစ်ခုက ရောင်းတိုင်း ရောင်းတိုင်းမှာ ၈% Commercial Tax ရတယ်။ နောက်တစ်ခါ မြတ်တဲ့ဟာရဲ့ ၃၀%။ ကျွန်တော် အမြတ်ဝေစုအဖြစ် ခွဲဝေရရှိတယ်။ တစ်ခါ အခြား မြတ်တဲ့အမြတ်ရဲ့ ၃၀% ခွဲဝေ ရရှိတယ်။ withholding tax ရတယ်။ သူ့ကို perception period ပြီးတဲ့အချိန်မှာ ဒီဆည်ကြီးဟာ… ကိုယ့် နိုင်ငံအပိုင်ဖြစ်လာမယ်။ အနှစ်သုံးဆယ် ရှိမှရမှာ ငါတို့က အမှိုက်ကောက်ဖို့ပဲ ကျန်တော့မှာပေါ့ဟဲ့… အဲလိုလဲ မဟုတ်သေးပါဘူး… ဒီရေအားလျှပ်စစ်က ပြန်လည် ပြည့်ဖြိုးမြဲစွမ်း အင်တစ်ခုဖြစ်ပါတယ်.. အဲဒါကြောင့် ထိန်းထိန်းသိမ်းသိမ်း အသုံးချမယ်ဆိုရင် နှစ်ပေါင်း ကြာရှည်ခံပါတယ်… အခု ကျွန်တော်တို့ နိုင်ငံမှာ လက်ရှိ လျှပ်စစ်ထုတ်နေတဲ့ ဘီလူးချောင်း က ၅၂ နှစ် ရှိပါပြီ။ ကြာရှည်ခံပါတယ်.. အဲဒါကြောင့် ဒီရေအားလျှပ်စစ်ကြီးဟာ နောင်တစ်ချိန် ကျွန်တော်တို့ ပိုင်လာတဲ့ အခါ လျှပ်စစ်တွေကို ပြည်တွင်းမှာ ဖူလုံစွာ ပေးသုံးနိုင်ရုံ မကပါဘူး ပိုရှံပါက တရုတ်ကို သူဆီနဲ့ သူ့ပြန်ကျော်စားလို့တောင် ရပါသေးတယ်… နောက်ပြီး တစ်ချို့ကလဲ ဒီမြစ်ဆုံ စီမံကိန်းကြီးကြောင့် နှစ်ငါးဆယ် လောက်ရှိရင် ဧရာဝတီမြစ်ကြီး ပျက်မှာတို့ဘာတို့ ပြောကြတယ်...အဲလိုလဲ မဖြစ်ပါဘူး…. ဘီလူးချောင်းစီမံကိန်းကြောင့် ဘီလူးချောင်းကြီး ပျက်စီးသွားပြီလို့ ဒီလိုမျိုးတွေ ကြားဖူးသလား မကြားဖူးပါဘူး ထိန်းသိမ်း စောင့်ရှောက်မှုတွေ လုပ်ရင်းနဲ့… စီးပွားရေး တွေလဲ အဆင်ပြေနိုင်ပါတယ်…
ကဲဗျာအဲဒါပြီးရင်.. ဒေသအတွင်း ရုပ်ပိုင်းဆိုင်ရာအရ တိုးတက်ပြောင်းလဲ မှုတွေကို ကြည့်ရအောင်ဗျာ… ဘယ်လိုလဲ ကျွန်တော်တို့ အရင်က မြစ်ဆုံလမ်းက ကြမ်းပါတယ်.. အခုလို စီမံကိန်း လုပ်လိုက်တာနဲ့ လမ်းတွေ ကောင်းသွားမယ်.. မြစ်ဆုံဒေသမှာ ဒီလိုဆည်ကြီး ဆောက်ပြီးသွားတဲ့အတွက် လာလေ့လာရင်း မြစ်ဆုံအလှကို ခံစားမယ့်သူတွေ ဧည့်သည်ခရီးသွားတွေ များလာမယ်… မြစ်ဆုံဒေသ မီး၂၄ နာရီအပြည့်နီးပါးရမှာ ဖြစ်တဲ့အတွက်… အစစ အရာရာ ဖွံ့ဖြိုးတိုးတက်လာမယ်… တရုတ်နိုင်ငံနဲ့လည်း အချိန်မရွေး၊ နေရာမရွေး စီးပွားရေး လုပ်ချင်သလို လုပ်လို့ရနိုင်တဲ့ ယုံကြည်မှုတွေ တည်တံ့နေစေမှာပါ… နောက်ပြီး လျှပ်စစ်မီးလဲ ကောင်းကောင်း ရလာလို့ ကျွန်တော်တို့ နိုင်ငံမှာ.. စီးပွားရေးအရ ရင်းနှီးမြုပ်နှံလို့ ရပါပြီ ယုံကြည်လို့ ရပါပီဆိုတဲ့ အချက်မှာ… လာရောက် ရင်းနှီးမြုပ်နှံချင်တဲ့ သူတွေ စိတ်ကို ခိုင်မာလာစေမယ်… အဲဒီအတွက် စက်ရုံ အလုပ်ရုံ စသဖြင့်ပေါ့ဗျာ… လာရောက် ရင်နှီးမြုပ်နှံမှုတွေ များလာစေနိုင်ပါတယ်.. (ဒီအချက်ကို ပြည်ပအတိုက်အခံ တော်တော်များများ မဖြစ်စေချင်ကြပါဘူး…)
ဒါတွေက ကျွန်တော် လက်လှမ်းမှီသလောက် စဉ်းစားမိတဲ့ အကျိုးရလဒ်တွေပါ…. ဒီထက် အကျိုးရှိတာတွေ အများကြီး ရှိနိုင်ပါတယ်…. (နည်းပညာတွေ၊ မြစ်ကြောင်းထိန်းသိမ်းမှု ပညာတွေ စသဖြင့်...) ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ.. သူများပြောတိုင်း မယုံကြပါနဲ့ ကိုယ်နိုင်ငံရေး ဖြစ်တဲ့အတွက် ကိုယ်ပိုင်ပဲ စဉ်းစားဆုံးဖြတ်ကြပါ… နိုင်ငံရေး အရှုပ်အထွေးမာယာ ပရိယာယ်တွေ ကြားထဲမှာ ပြည်ပက သေမထူးနေမထူး.. မြေခွေးတွေ အများကြီး ပဲလှော်ထဲကို ထည့်လှော်မယ့် ဆားတွေကို လိုက်ရှာရင်း အချောင် အခွင့်အရေးတွေကို စောင့်နေပါတယ်…
သတိထားနိုင်ကြပါစေ….
((သွေးသစ္စာ))
ယခုဆောင်းပါးအား myanmarexpress မှ ကိုသွေးသစ္စာတင်ပြမှုအား ပြန်လည် မျဝေပါသည်။

အမြဲတမ်း ရှင်သန်နေမည့် မြစ်ကြီးဧရာဝတီ နှင့် ဘယ်သူတွေ ဘာလုပ်နေကြသလဲ... ???

အခုတစ်လော အရမ်းပေါ်ပြူလာ ဖြစ်နေတဲ့ ဧရာဝတီကြီး အသက်ငင်နေပီတို့ ဧရာဝတီကို ကယ်တင်မယ်တို့… ဟုတ်ကဲ့ ဘာတွေ ဖြစ်လို့ ဧရာဝတီကြီးက အသက်ငင်နေတာလဲဆိုတာကို မေးတော့…..
မြစ်ဆုံစီမံကိန်းကို တစ်ချို့လူတွေက မြစ်ကြီး ပိတ်ပြီးဆည်ဆောက်မှာတဲ့ တစ်ချို့ကလဲ ပြောသေးတယ်.. နေရာအတိအကျမသိပဲ မြစ်ဆုံမှာ ဆည်ဆောက်မှာတဲ့ တစ်ချို့ကလဲ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်မို့ မရင်းနိုင်ဘူးတဲ့… တစ်ချို့ကလဲ မြစ်တိမ်ကောလာပြီး ဖြစ်ကြောင်းထဲက ငါးတွေ သေမယ်… သဘာဝအရင်းအမြစ်တွေ ရှုံးမယ်တဲ့၊ တစ်ချို့ကလဲ ဘာပဲပြောပြော ဘယ်လိုပဲ ရှင်းပြ ရှင်းပြ သူတို့က ဧရာဝတီမြစ်ကြီး သေမယ်ဆိုတာချည်းပဲ… အောင်မယ် Save The Irrawaddy ဆိုပြီး တီရှပ် ထုတ်ရောင်းစားလိုက်သေးတယ်… ပြီးတော့လဲ ပြောကြသေးတယ်… သူရဲကောင်းတွေပေါ့... များလိုက်တဲ့ သူရဲကောင်းတွေ မြန်မာမှာ သူရဲကောင်းတွေ ပေါတာ တကယ် မယုံမရှိနဲ့... ဧရာဝတီမြစ်ကြီးကို ကယ်ကြမယ့် သူရဲကောင်းတွေ အလျှိုအလျှိုပဲ... သူတို့ကပြောကြသေးတယ် ဧရာဝတီမြစ်ကြီးသေရင် မြန်မာပြည် ဒုက္ခရောက်ပီတဲ့ ကယ်တင်ရမယ်တဲ့… သူတို့ပဲ သိတယ်ပေါ့လေ… မသိရင်… သူတို့က သူရဲကောင်းတွေပေါ့… ကိုယ်ကျိုးစွန့် အနစ်နာ ခံသူကြီးတွေပေါ့… တကယ်တော့ ဧရာဝတီမြစ်ရဲ့ မြစ်ဆုံနဲ့ လေးမိုင်အကွာ ဆည်ရဲ့ စီမံကိန်းမှာဆိုရင် ဧရာဝတီမြစ်ကြီးကို ပိတ်ပြီးဆည်ကြီး တည်တာမဟုတ်ဘူး… အဲဒီအတွက် ကာတွန်းတွေ ရေးဆွဲထားသလို လုံးဝကြီး ပိတ်ဆောက်မှာ မဟုတ်ပါဘူး… ဧရာဝတီမြစ်မှာ စီးဆင်းတဲ့ရေရဲ့ ၇% ကိုပဲ ဖမ်းပြီး အသုံးပြုမှာပါ… ကျန်တဲ့ ၉၃% ဆက်လက်စီးဆင်း နေတဲ့အတွက် မြစ်ရဲ့ရေစီးကြောင်းက မပြောင်းလဲ ပါဘူး… ရေနည်းနည်းပဲ အလျော့လေးပဲ ရှိတာပါ… ဒါက ဆည်အတွင်း ရေ ၇% ကိုတဖြည်းဖြည်း သိုလ်လောင်နေစဉ် အတွင်းပါ.. တကယ်လို့ ဆည်ထဲမှာ သတ်မှတ်ထားတဲ့ ရေတိုင်းကိရိယာအရ ဆည်ရေ ပြည့်သွားပီ ဆိုရင် လျှပ်စစ်ထုတ်ဖို့ ဂက်စ်တာဘိုင်လို့ ပြောတဲ့အတွက် ဂက်စ်ထည့်ပြီး အဲဒီရေနဲ့ ထည့်မောင်းလိုက်ရင် အဲဒီရေက မြစ်ထဲကို ပုံမှန်အတိုင်း ပြန်စီးသွားပါမယ်။ အဲဒီနောက် မြစ်ကြောင်းကို ပြောင်းစေမယ့် ဟာတွေက ဘာတွေ ရှိလဲ ဟုတ်ပီ… ရေစီးကြောင်းတွေ ပြောင်းသွားပြီး မြစ်ကမ်းကမ်းကို သွားတိုက်စားရင် မြစ်ကမ်းပါးပြိုမယ် မြစ်ပြင်ကျယ်လာမယ်.. မြစ်တိမ်ပြီး သောင်ထွန်းလာမယ်.. ဒါကြောင့် မြစ်ရေကို ဆည်ထဲကို သိုလ်လောင်ဖို့ ရေသွင်းမြောင်း ချတဲ့အခါပဲ ဖြစ်ဖြစ် မြစ်ထဲကိုတိုင်တွေ ချမယ့် နေရာမှာ.. ရေစီးကြောင်း မပြောင်းလဲမဲ့နေရာ တွေကို တိုင်းတာပြီး ဆောက်လုပ်မှာပါ.. နောက်ပြီး အောက်ခံ မြစ်ပြင် တိုက်စားပြီး တခြားနေရာတွင် အနည်ပို့ချကာ မြစ်ကြောင်း ပိတ်ဆို့ခြင်းမဖြစ်အောင် ကျွန်တော်တို့ ဆည်ကနေ ၀ုန်းကတဲ့ ရေထွက်တဲ့အခါ အောက်က အောက်ခံမြေသားတွေကို တိုက်စားမသွားအောင်လဲ တည်ဆောက်သွားမှာပါ… နောက်တစ်ခုက.. ဧရာဝတီဖြစ်ထဲကို ဒီ မေခနဲ့ မလိခမြစ်လေး နှစ်သွယ်ကနေပြီး စီးဆင်းလာတဲ့ ရေတစ်ခုတည်းနဲ့ အမှီပြုပြီး ကျွန်တော်တို့ရဲ့ ဧရာဝတီမြစ်ကြီးဟာ ရှင်သန်နေတာ မဟုတ်ပါဘူး… မြစ်ကြီးငါးသွယ်နဲ့ မြစ်ငယ်ချောင်းငယ် အသွယ်သွယ်တို့နဲ့ စီးဆင်းရှင်သန်နေတာဖြစ်ပါတယ်… နောက်ပြီး တခြား မြစ်ကြောင်း ကျယ်ပြီး မြစ်ရေတိမ်ကာ သောင်မထွန်းစေဖို့ ကမ်းပါးတွ မပြိုစေဖို့ စသည်တို့ကိုလဲ ဆောင်ရွက်သွားဖို့ နိုင်ငံတော်က အစီအစဉ်ရေးဆွဲ ဆောင်ရွက် လျှက်ရှိပါတယ်… ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ညွှန်ကြားထားတာပါ… (ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ မိခင်ဌာနဖြစ်သည့် ပို့ဆောင်ရေးဝန်ကြီးဌာန တစ်ခုတည်းသာ ဆောင်ရွက်ရန်မဟုတ်ဘဲ မြစ်ကြောင်းများ ထိန်းသိမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ဆက်နွယ်နေသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန တို့အပြင် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းပေးထားပြီး ဖြစ်သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၊ ရေကြောင်းပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီတို့ ပူးတွဲ၍ဆောင်ရွက်သွားရန်) ဆိုတဲ့ မြစ်ကြောင်းကြီးတွေကို မပြောက်ပျက်အောင် ထိန်းသိမ်းအကောင် အထည်ဖော်ပေးမယ့် အစီအစဉ် ရှိပြီး အဖွဲ့တွေဖွဲ့ကာ ဆောင်ရွက်ဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်…. ကဲအဲဒါဆို ဧရာဝတီကို နိုင်ငံအတွက် အကျိုးရှိအောင် အသုံးချပြီး ဘယ်သူတွေ ကာကွယ်မှုတွေလုပ် ကယ်တင်ပြီး ဘယ်သူတွေ ကိုယ့်ကိုယ်ကို ကယ်တင်နေသလဲ ဘယ်သူတွေ စီးပွားရေးတွေလုပ်နေသလဲ ဘယ်သူတွေ ပေါ်ပြူလာဖြစ်အောင် လုပ်နေကြသလဲ… ဘယ်သူတွေ ပြည်သူတွေကို လမ်းပေါ်ထွက် အသေခံကြအောင် လုပ်နေကြတာလဲ ဘယ်သူတွေ လုပ်စားနေကြတာလဲ??? ဆိုတာ သိလောက်ပါပီ…
ယခုဆောင်းပါးအား Myanmarexpress မှ ကိုသွေးသစ္စာ တင်ပြမှုအား ဗဟုသုတရစေရန်ပြန်လည် မျ ဝေပါသည်။
best blogger tips