some text some text some text some text some text some text
အမှတ်စဉ်(၅၁)သူငယ်ချင်းများ နိုင်ငံ့တာဝန်များကို ဆထက်တံပိုး ထမ်းဆောင်နိုင်ပါစေ

ADMIN နှင့်ဆက်သွယ်ရန်

Saturday, September 17, 2011

သင်္ချာဥာဏ်စမ်းလေး

သင်္ချာညာဏ်စမ်းဇယားလေးပါခင်ဗျာ...သိပြီးသားများဖြစ်နေလို့ခြင်းရင်လည်း နားလည်းပေးပါခင်ဗျာ...ကွှန်တော်လည်းသိထားတာလေးကိုပြန်ပြီးမျဝေပေးတာပါခင်ဗျာ...တစ်ခါတစ်လေမှာလူတစ်ချို့က မထင်မှတ်ပဲမေးလာတတ်တဲ့ ပုဒ်စာသဘောမျိုးလေးပါခင်ဗျာ...သိထားသင့်တယ်ထင်လို့ရေးတင်ပေးလိုက်တာပါ...ခုကျွှန်တော်ပုံ ၃ ပုံနဲ့အတူရှင်းပြသွားပါ့မယ်ခင်ဗျာ...
ဒီခုပထမဇယားကွက်လေးကတော့အလွယ်ကူဆုံးအခြေခံလေးပါခင်ဗျာ...

ကျွှန်တော်ပေးထားတဲ့ဇယားမှာထောင်လိုက်အကွက်အလျားလိုက်အကွက်ဆိုပြီး ၂ မျိုးပါပါတယ်ခင်ဗျာ..ပထမဦးဆုံးဇယားက ထောင်းလိုက်သုံးခု အလျားလိုက်သုံးခု စုစုပေါင်းအကွက် ၉ ကွက်ရှိပါတယ်..အဲဒီကိုးကွက်ကို ကွှန်တော်တို့ ဂဏန်း၁ ကနေ ၉ထိ မထပ်ပဲဖြည့်ပါ့မယ်ခင်ဗျာ...အဲ့ဒီလို့ဖြည့်ပြီးလို့ အလျား အတန်းလိုက် ဒေါင်လိုက်အတန်းလိုက် ထောင့်ဖြတ်အတန်းလိုက် ပေါင်းကြည့်လိုက်မယ်ဆိုရင် ဘယ်နေရာ ကပေါင်းပေါင်းသူက ၁၅ ရပါတယ်ခင်ဗျာ....ဒါကအခြေခံပေါင်းတာပါ...ကဲစလုပ်ကြည့်ကြရအောင်....
ပထမဆုံးဇယားကိုးကွက်ဆွဲပါ..အောက်ကပုံမှာပါတဲ့အတိုင်း ထောင်လိုက်သုံးတန်းအလျားလိုက်သုံးတန်းပါတဲ့အတွက်

3*3=9+1=10/2=5*3=15 (ခုကိန်းတန်းကို ဇယားအတွက် ဘယ်လိုအသုံးပြုတယ်ဆိုတာကို ရှင်းပြပါ့မယ့်ခင်ဗျာ..
3*3 ဆိုတာက အတန်းသုံးတန်း ထောင်လိုက်မျဉ်းသုံးခု ရှိတဲ့အတွက် မြောက်လိုက်တာပါ..3*3=9 ဆိုတာက အကွက်စုစုပေါင်းကိုးကွက်ရတယ်ဆိုတာပြောတာပါ...3*3=9+1 ၁ ကိုပေါင်းထည့်ပါ...3*3=9+1=10 ရပါမယ်...ရလာတဲ့10 ကို 2 နဲ့စားလိုက်ပါ...3*3=9+1=10/2=5ဒီခုရလာတဲ့ 5 သည် အကွက်ကိုးကွက်လုံးရဲ့အလည်မှာရှိပါ့မယ်..အဲ့ဒီရလာတဲ့5 ကို 3နဲ့မြောက်လိုက်ပါ...3*3=9+1=10/2=5*3=15 ရပါမယ့် အဲ့ရလာတဲ့15 သည် ကွှန်တော်တို့ အလျားလိုက် ထောင်လိုက်ပေါင်းရင်ရမယ့်အဖြေပါခင်ဗျာ..ဘာကြောင့် 3နဲ့မြောက်သလဲဆိုရင် 3 role ,3 colum ဖြစ်တဲ့အတွက် 3နဲ့မြောက်တာပါခင်ဗျာ...အဲ့ဆိုရင် ကျွန်တော်ရှင်းတာ တစ်ပိုင်းပြီးသွားပါပြီ..

နောက်တစ်ပိုင်းက ဂဏန်းတွေကို ဇယားထဲကို ဘယ်လိုထည့်မလဲ..ဆိုတာပါ..ကဲစလိုက်ကြရအောင်...
ဂဏန်းကိုထည့်တဲ့နေရာမှာအစဉ်အလိုက်ပဲထည့်ပါမယ်...123456789 အစဉ်အလိုက်ပါပဲ..
ပထမဆုံး1 ကိုအပေါ်ဆုံးတန်း သုံးကွက်ရဲ့အလည်ကွက်မှာထည့်ပါမယ်.. ပြီးရင် 2 ကို ထည့်ဖိုးအတွက် 1 ရှိတဲ့ နေရာထောင်လိုက်အတိုင်းဆင်းလိုက်ပါ အောက်ဆုံးအတန်းကိုရောက်ရင် ညာဘက်ဘေးလေးကိုတစ်ကွက်ရွှေ့လိုက်ပါ..ပြီးရင်ဘေးကွက်ထဲကိုထည့်လိုက်ပါ..အဲ့ဆိုရင် 2ထည့်ပြီး ပါပြီ..ပြီးရင်းသုံးကိုထည့်ပါမယ်..3 ကို 2 ရဲ့အလျားလိုက်ညာဘက်အဆုံးထိရွှေ့လိုက်ပါ..ပြီးရင် ပထမထောင်လိုက်မျဉ်းအောက်ဆုံးကရွှေကြည့်မယ်ဆိုရင်ဒုတိယအကွက်နေရာမှာ 3 ကိုထည့်လိုက်ပါ...(ဒီအချိန်မှာ ကွှန်တော်တို့လုပ်ငန်းစပါပြီ...ခုစပြီး 456789 ဆိုတဲ့ဂဏန်းတွေထိရောက်အောင်ပြည့်အောင်သွားပါ့မယ်...သူ့တို့ကိုတက်မယ့်အဓိက နည်းလမ်းကတော့ ကျားကွက်ရွှေ့ သလို အပေါ်ညာဘက်ကို တစ်ကွက်တက်ဖြည့်တာပါပဲ...)ခုသုံးတက်ပြီး သွားရင် 4 ကိုတက်ဖို့အတွက် ကျားကွက် ရွှေ့သလို ကြည့်လိုက်တော့ အပေါ်မှာ 1 ဆိုတဲ့ဂဏန်းက ပိတ်နေ ဖြည့်ပြီးသားဖြစ်နေပါတယ်..အဲ့လို ဂဏန်းဖြည့်ထားတာ ရှိလို့ချင်းရင် ကွှန်တော်တို့က အဲ့ဒီခုနား က 3 ဖြည့်ထားတဲ့အကွက်ရဲ့ အောက်က ကပ်လျက်အကွက်မှာပဲ 4 ဆိုတဲ့ဂဏန်းကို ဖြည့်ရပါမယ်...လေးဖြည့်ပြီးသွားပြီဆိုတော့ 5 ကိုထပ်ဖြည့်ပါ့မယ်..5 ကိုဖြည့်ဖို့အတွက် ကျားကွက်လို ပြန်ကြည့်လိုက်တော့ နေရာလွတ် ရှိပါတယ်..အပေါ်ညာဘက်မှာ..ဒါကြောင့် 5 ကိုထပ်ဖြည့်လိုက်ပါ့မယ်အဲ့နေရာမှာ... ( ဂဏန်း 5 သည် အကွက်ကိုးကွက်လုံး ရဲ့အလယ်မှာ ဖြည့်ထားတာ မှန်နေပြီဆိုရင် ကွှန်တော်တို့ ဖြည့်တာ 70 ရာခိုင်နုန်းမှန်နေပါပြီ) 5 ပြီးရင် 6 ကို ကျားကွက်လို ထပ်ဖြည့်မယ်... 6 ပြီးတော့ 7ကိုထပ်ဖြည့်တော့မယ်...ဒီနေရာမှာ 7 ကိုဖြည့်ဖို့အတွက် ကျားကွက်လို့ကြည့်လိုက်တော့ အပေါ်ဆုံးမှာတက်စရာအကွက်မရှိဘူးဖြစ်နေပါတယ်..အဲ့လိုတက်စရာမရှိဘူးဆိုရင် 6 ဆိုတဲ့ဂဏန်းရဲ့ အောက် ကအကွက် မှာပဲ 7 ကိုပဲ ဖြည့်ပေးရပါမယ့်...7 ဖြည့်ပြီးသွားပြီးဆိုတော့ 8 ကိုထပ်ဖြည့်ပါ့မယ်...8ကိုဖြည့်ဖို့အတွက် 7 ရဲ့အပေါ်ညာဘက်ကို ကြည့်လိုက်တော့ ဟင်းလင်းပြင်ကြီး ကိုတွေ့မှာပါ...အဲ့လို ဆိုရင် ကွှန်တော်တို့ 7 ရဲ့အလျားလိုက် ဘယ်ဘက်ဆုံးထိရွှေ့လိုက်ပါ..ပြီးရင်အဲ့မှာ 3 ဆိုတဲ့ဂဏန်းရှိနေပါတယ်.(ဂဏန်းမရှိဘူးဆိုရင်လည်း နောက်လုပ်မယ့်များများဇယားကွက်တွေမှာ ဗလာဖြစ်နေရင်လည်း ဗလာကွက်အပေၞကို တက်ဖြည့်ပါ).အဲ့ဂဏန်းရဲ့အပေါ်ကို 8 ကိုဖြည့်လိုက်ပါ...ပြီးရင်ကျွန်တော်တို့ 9 ဂဏန်းကို ဖြည့်ပါမယ်..9 ကိုဖြည့်ဖို့အတွက် 8 ဂဏန်းရဲ့ပေါ်ကိုကျားကွက်လိုကြည့်လိုက်တော့ အပေါ်မှာဟင်းလင်းပြင်ကြီးဖြစ်နေပါတယ်..အဲ့လိုဆိုရင် 8 ဂဏန်းရဲ့ ထောင်လိုက်တန်းအောက်ဆုံးထိသွားလိုက်ပါ...အဲ့ပြီးရင် အဲ့အောက်ဆုံးနေရာမှာ4ဂဏန်းကိုတွေ့ပါမယ်..အဲ့နေရာညာဘက်ဘေးကွက်မှာ 9 ဂဏန်းကိုဖြည့်လိုက်ပါ...အဲ့ဆိုရင် ကွှန်တော်တို့လုပ်ဆောင်တာပြီးသွားပါပြီ။...

အစ်ကိုအစ်မများခင်မျာ ကြည့်လိုက်မယ်ဆိုရင်တော့ဇယား ဟာ ကိုးကွက်ထဲဆိုတော့လွယ် လွယ်လေးလို့ထင်မိမှာပါ...ဒါပေမယ့်ဇယားကွက်25 ကွက်49 ကွက်81 ကွက်နောက်အများကြီး မဂဏန်း ဇယားကွက်တွေလုပ်လာတဲ့အချိန်မှာ နည်းနည်းရုပ်ထွေးလာပါလိမ့်မယ်..ဒါပေမယ့်သေချာလေးပြန်လုပ်ပြီး ကြည့်ပါ နားလည်သွားပါလိမ့်မယ်...(မှတ်ချက်- ဂဏန်း 1 ဂဏန်း 5ဂဏန်း နှင့်နောက်ဆုံး 9 ဂဏန်းသည် အလယ်ဒေါင်လိုက် တစ်ဖြောက်တည်းဖြစ်နေပါသည်)
နောက်တစ်ခုက တော့ ဇယား25 ကွကလုပ်တာပါ...ကွှန်တော်အပေါ်မှာသုံးကွက်လုပ်နည်းလိုပါပဲ...ဂဏန်းနေရာတွေသာလွဲသွားမှာပါ...ပုံစံကတော့တူတူပါပဲ ခင်ဗျာ...(အကွက်25 ကွက်ဆိုရင် ဂဏန်းကလည်း 1 ကနေ 25 အထိအစဉ်အလိုက်ပါပဲ)
ပထမဦးဆုံး အလျား 5တန်း ထောင်လိုက်5တန်းဆောက်ပါ....
ပြီးရင်အပေါ်မှာစပြီးလုပ်နည်းရှင်းပြထားသလို 5*5=25+1=26/2=13*5=65ဖြစ်ပါတယ် ဘယ်လိုပေါင်းပေါင်း 65 ရပါ့မယ်
ပုံကို ကြည့်ပါ...

နောက်တစ်ခုနမူနာကတော့ 49 ကွက်ပါပဲ..အလျား7 ကွက် အနံ 7 ကွက်ပါပဲ..အပေါ်မှာရှင်းပြသလို ပုံနဲ့ကိုက်ပြီးလုပ်ကြည့်ပါ...7*7=49+1=50/2=25*7=175..
အောက်ကပုံကိုကြည့်ပါ.. ဘယ်လိုပေါင်းပေါင်း ၁၇၅ ရပါ့မယ်....

ကွှန်တော်တို့ ဒီနည်းအတိုင်းဇယားကွက်တွေအများကြီး လုပ်လို့ရပါတယ်ခင်ဗျာ...(မှတ်ချက်- ဇယားကွက်လုပ်ရာတွင်မ ဂဏန်း များကိုသာလုပ်လို့ပါသည်) နောက်ထပ်အများကြီး သူများတွေကို ညာဏ်စမ်းသပ်လို့ရပါတယ်...ထောင်ပေါင်းများစွာမဂဏန်းကွက်များလုပ်ပြီး ပေါင်းခြင်းဘယ်လောက်ရမယ်ဆိုတာ ကြိုပြောထားလို့ရပြီပေါ့ ..နားမလည်တာရှိရင်ကွှန်တော့်ကို ပြန်ပြောနိုင်ပါတယ်ခင်ဗျာ.....ပြန်ရှင်းပြပေးပါ့မယ်..ပုံနဲ့စာကိုသာ ကိုက်ပြီး ကြည့်ကြည့်ပါခင်ဗျာ....

အားလုံးအစ်ကိုအစ်များ အဆင်ပြေစွာလုပ်နိုင်ပါစေ...
ခင်မင်လေးစားလျက်
အောင်ဖြိုး..

0 comments em “သင်္ချာဥာဏ်စမ်းလေး”

Post a Comment

best blogger tips