Wayကွာခြင်းကို မုန်းတီးပေမဲ့
လွမ်းဆွတ်ခြင်းကို မြတ်နိုးတယ်
အလွမ်းရှိမှ အချစ်ဟာ
အဓိပ္ပယ်ရှိမယ်လို့ ယူဆမိတယ်
အလွမ်းကို တိုင်တာလို့မရသလို
ချစ်ခြင်းကိုလည်း တိုင်ထွာလို့မရပါဘူး.......
ငါ့ရဲ့အချစ်ကို ငါသာအသိဆုံပါ
ပိုင်ဆိုင်မှ အချစ်လို့ မဟုတ်ပါဘူး
ပေးဆပ်ခြင်းနဲ့ စွန့်လွတ်ခြင်းဟာ
အချစ်ကို ပိုပြီလေးနက်စေပါတယ်
ဘယ်အရာမှ မတည်မြဲနိုင်တဲ့
အရာအားလုံးထဲမှာမှ
အချစ်လည်းပါဝင်ခဲ့တယ်လေ
အနေဝေးလို့ သွေးအေးသွားခဲ့မယ်ဆိုရင်တောင်
ငါ့မှာ ခံနိုင်ရည်ရှိအောင်
ကျိုးစားနေပါတယ်......
အသစ်တွေ့ရင်လည်းပြောပါ
မလိုအပ်တော့တဲ့ ငါ့ရဲ့ ပေးဆပ်မှုတွေကြောင့်
မင်း စိတ်ဆင်းရဲနေမှာ ဆိုးလို့ပါ
ငါ့ရင်ခွင် တစ်ခုလုံးဟာ
မင်းအတွက် အမြဲတန်း
တံခါးဖွင့်ထားလျှက်ပါ......
မင်းလာချင်တဲ့ အချိန်လာပြီ
ထွက်ချင်တဲ့ အချိန်တိုင်း
ပြန်ထွက်သွားခွင့် ပေးထားပါတယ်.....
ငါ့လို ချစ်နိုင်မဲ့ သူမျိုး
နောက်တစ်ယောက်တွေ့ခဲ့မယ်ဆိုရင်
အလိုက်သိစွာနဲ့ ငါနောက်ဆုတ်ပေးပါ့မယ်.....
ငါ့ကို `အရူး`လို့တော့ မထင်ပါနဲ့
မင်းကို ချစ်လွန်းလို့
မင်းကြောင့် `အရူး`ဖြစ်ခဲ့ရတာပါကွာ......

