some text some text some text some text some text some text
အမှတ်စဉ်(၅၁)သူငယ်ချင်းများ နိုင်ငံ့တာဝန်များကို ဆထက်တံပိုး ထမ်းဆောင်နိုင်ပါစေ

ADMIN နှင့်ဆက်သွယ်ရန်

Tuesday, September 13, 2011

*တစ်နှစ်ပြည့် အလွမ်း*


ကျနော်တို့ငယ်ငယ် ကဖတ်ရတဲ့
လက်ဝဲသုန္နရ အမတ်ကြီးက
ကိုယ့်ရပ် ကိုယ့်မြေ
ကိုယ့်ပြည်ရွာမှာပဲရှိတဲ့ မဲဇာ ကို
အပို့ခံရတာတောင်
လွမ်းရချည်ရဲ့ ဆွေးလှချည်ရဲ့
ရွှေပြည်တော်ကြီးကို
အစဉ်အမြဲ သတိရနေပါတယ်တဲ့။

ခုတော့ ကျနော့်ဘ၀က
ရေခြား မြေခြား ပင်လယ်ခြား
ဓလေ့ စရိုက် အကျင့် စရိုက်
မတူ ကွဲပြားတဲ့ ဒေသမှာ
ပညာတော်သင်ဆိုတဲ့ ခရီးကို
လျှောက်လှမ်းခဲ့တာ
တစ်နှစ်တင်းတင်းတောင်
ပြည့်ခဲ့ပြီနော်။

ပြည်တော်ပြန်စိတ်ကူးနဲ့
အလွမ်းတွေကို အတင်းမျိုချ
နိုင်ငံအတွက် လိုအပ်တဲ့
အတတ်ပညာတွေကြောင့်ရယ်ဆိုပြီး
ကိုယ့်ကိုယ်ကို အားတင်း
ဇွဲတင်းပြီးဆက်နေရတယ်။

ကျနော့် ရင်ထဲက
ရွှေ့ပြည်ကြီးကို လွမ်းတယ်ဆိုတဲ့
အလွမ်း က
လက်ဝဲသုန္နရ အမတ်ကြီးထက်
အဆပေါင်း ထောင်သောင်းမက
ပိုလိမ့်မယ် ဆိုတာ
ဘ၀တူ သူငယ်ချင်းတွေ
ကိုယ်ချင်းစာမိပါလိမ့်မယ်။

ခုတော့
တစ်နှစ်ပြည့်အလွမ်းနဲ့
ကိုယ့်ရွှေပြည် ခေတ်ရှေ့လှမ်းနိုင်အောင်
ပညာသင်ခရီးလမ်းမှာ
ဆန္ဒကို သိက္ခာနဲ့ ထိန်းပါလို့
မူတစ်သွင် အားအင်သစ်လိုက်ကြပါစို့။………..

0 comments em “*တစ်နှစ်ပြည့် အလွမ်း*”

Post a Comment

best blogger tips