some text some text some text some text some text some text
အမှတ်စဉ်(၅၁)သူငယ်ချင်းများ နိုင်ငံ့တာဝန်များကို ဆထက်တံပိုး ထမ်းဆောင်နိုင်ပါစေ

ADMIN နှင့်ဆက်သွယ်ရန်

Tuesday, September 13, 2011

နှိုင်းယှဉ်ချက်

သူငယ်ချင်းရေ....
မင်းတို့ တစ်တွေ
တက္ကသိုလ် ကျောင်းကြီးမှာ
fresher welcome လုပ်နေချိန်မှာ
ငါတို့  စစ်တက္ကသိုလ်
ကျောင်းတော် ကြီးမှာလည်း
မီးရောင်စုံတွေ ကြားထဲမှာ
welcome ကျင်းပနေပြီပေါ့
သူငယ်ချင်းရေ ..
မင်းတို့ တစ်တွေ
အဆောင်မှာ အိပ်ကောင်းနေချိန်မှာ
ငါတို့ ကတော့ စောစောထပြီး
ကြမ်းတိုက်နေရပြီပေါ့
..
သူငယ်ချင်းရေ
မင်းတို့ ကျောင်းကို
အေးအေးဆေးဆေး လှမ်းနေချိန်မှာ
ငါလည်း Acedemic မှာ
အိတ်ပိုက်ပြေးနေပြီပေါ့
သူငယ်ချင်းရေ
မင်းတို့ တတွေ
ချစ်သူလေးတွေ နဲ့ လျောက်လည်နေကြတဲ့ 
ညနေခင်းလေးမှာ
ငါကတော့ ချွေးသံ တရွဲ ရွဲ နဲ
့pt ပြေးနေရပြီပေါ့
သူငယ်ချင်းရေ
မင်းတို့ တစ်တွေ
ကောင်မလေးတွေ အဆောင်ရှေ့ မှာ
ဂစ်တာတီးနေတဲ့ အချိန်
ငါလည်း ရှေ့ ကြည့်ထိုင်ပြီး
စာကြည့်နေပြီပေါ့
သူငယ်ချင်းရေ
မင်းတို့ တစ်တွေ လွတ်လွတ်လပ်လပ်
ညနက်သန်းကောင်
လျောက်လည်နေချိန်မှာ
ငါကတော့ အိမ်မက် ထဲ မှာ ခွင့်ပြန်နေပြီပေါ့
သူငယ်ချင်းရေ
မင်းတို့ တစ်တွေ ဘွဲ့ ရလို့ 
အလုပ်လက်မဲ့ ဖြစ်နေချိန်မှာ
ငါကတော့
ဘွဲ့ ရပြီး ပြန်တမ်းဝင်ဖြစ်နေပြီပေါ့
...................... Written by poemslover51

1 comments:

  • September 13, 2011 at 10:51 AM
    aungchanphyo Disse:

    ကောင်းတယ်သယ်၇င်းကြိုက်တယ်ကွာ ဒါတွေက ဒို့တွေရဲ့ဘ၀တွေပါပဲ..

    delete

Post a Comment

best blogger tips