
ကျွန်တော် ဆယ်တန်းအောင်တဲ့ နေ့ကစပြီး အဖေ တစ်ဖွဖွနဲ့ပြောတော့တာပဲ ငါ့သား မင်းစစ်တက္ကသိုလ် တက်ဖြစ်အောင်တက်ရမယ်ဆိုပြီးတော့
လေ မင်းစစ်ဗိုလ် ဖြစ်အောင်လုပ်စမ်းပါ အဲ့ဒါအဖေ့ရဲ့ မျှော်လင့်ချက်ပဲတဲ့ ကျွန်တော့ကို အဖေ အဲ့ဒီအကြောင်းတွေပြောတဲ့ အခါတိုင်း အဖေ့ရဲ့မျက်ဝန်းတွေထဲမှာ စိတ်အားထက်သန်မှုတွေကို ကျွန်တော်တွေ့နေရတယ်...ဒါပေယ့်ကျွန်တော်ဖြစ်ချင်တာစစ် ဗိုလ်မှမဟုတ်တာ ကျွန်တော်ဖြစ်ချင်တာက သစ်တောဝန်ထောက်..ဒီလိုနဲ့ကျွန်တော်လဲ ကျွန်တော့်ရဲ့ ဆရာလဲဖြစ် သူငယ်ချင်းလိုလဲ ခင်ရတဲ့ ဆယ်တန်းတုန်းက မြန်မာစာ သင်ခဲ့တဲ့ ဆရာ့ဆီကို သွား မေးတော့ ဆရာကတော့အကြံ ပေးပါတယ် မင်းအဖေလဲ စိတ်ချမ်းသာအောင် မင်းလဲဗဟုသုတ ရအောင်သွားဖြေကြည့်လိုက်ပေါ့ တဲ့ အဲ့ဒါနဲ့ ကျွန်တော်လဲ စစ်တက္ကသိုလ် ၀င်ခွင့်စာမေးပွဲကို မဖြေ ချင့်ဖြေချင်နဲ့ သွားဖြေလိုက်တာ ကံများဆိုးချင်တော့ အောင်တယ်ဗျာ...
နောက်သိပ်မကြာပါဘူး အဖေကခေါ်ပြောတယ် သား ဗိုလ်ရွေး အဖွဲ့ခေါ်စာတွေရောက်လာပြီတဲ့ မင်းသာ ဗိုလ်ရွေးအဖွဲ့မှာအောင်ခဲ့ရင် အဖေဖြစ်စေချင်တဲ့ စစ်ဗိုလ်ဖြစ်တော့မယ်တဲ့ အဲ့ဒီလို ပြောနေတဲ့ အချိန်မှာ အဖေ့လိုယောင်္ကျားရင့်မာကြီးတစ်ယောက်က မျက်ရည်တွေဝေ့နေခဲ့ မယ်ဆိုရင်ယုံနိုင်ပါ့မလား(တစ်ကယ်ပဲ အဲ့လိုပြောနေတဲ့ အချိန်အတောတွင်းမှာ အဖေ့မျက်ဝန်းတွေထဲမှာ မျက်ရည်စတွေ ရှိနေခဲ့တယ်)ဘာဖြစ်လို့လဲလို့တော့ ကျွန်တော်မမေးခဲ့ပါဘူး ကျွန်တော့်စိတ်ထဲမှာ အလိုလိုသိနေခဲ့တယ် အဖေ အရမ်းဝမ်းသာနေတယ်ဆိုတာကိုလေ။ ဒီလိုနဲ့ ကျွန်နော် တပ်မတော် ဗိုလ်ရွေးအဖွဲ့ရှိတဲ့ ရန်ကုန်ကို စတင်ပြီးတော့ခြေချခဲ့တယ်.မှတ်မှတ်ရရ အဲ့ဒီ့နေ့က သီတင်းကျွတ်လပြည့်နေ့ ၂၇ ရက်နေ့ဗျာ..ပြီးတော့ကျွန်တော် ဘုရင့်နောင် စစ်ကြောရေးမှာတည်းတယ်..စ က တည်းက ယဉ်သကိုဆိုပဲ ကျွန်တော်ကလဲ အမြဲတမ်းမှားနေကြကောင် ဆိုတော့ စစ်ကြောရေးမှာ ပေါင်ချိန်တဲ့နေရာနဲ့ မိန်းကလေးရေချိုးတဲ့နေရာ မှားပြီး ၀င်မိတာ ကံကောင်းလို့အချုပ်ထဲမရောက် တယ်(အပြေးကောင်းတာလဲပါတာပေါ့ဗျာ ဟဲဟဲ)..အဲဒါနဲ့ကျွန်တော်လဲကြောက်ပြီးတော့ ပေါင်ချိန်ဖို့ နေနေသာသာ အဲ့ဒီဘက်ကိုခြေဦး မလှည့်ရဲတော့ဘူး။ ကောင်မလေးတွေကတော့တော်တော့် ကိုကြည့်လို့ကောင်းတယ်ဗျ မြင်မိတာကိုပြောတာပါ ။ဒီလိုနဲ့ ၂၉ ရက်နေ့ကျတော့ ဗိုလ်ရွေးအဖွဲ့ ၀င်ဖို့ကားတွေလာခေါ်ရော ကျွန်တော်ကလဲ ကိုယ်အကြောင်းကို သိတဲ့ကောင်ဆိုတော့ ငှက်ပျောသီး လေးလုံးနဲ့ ရေသန့်ဘူး တစ်ဘူးသောက်သွားတာ ဟိုရောက်လို့ ပေါင်ချိန်တော့ ၉၆ ပေါင်ပဲရှိတယ်ဗျာ အကယ်လို့သာ ကျွန်တော် ငှက်ပျောသီးနဲ့ရေသာသောက်မသွားရင် ဘယ်လောက်ပဲရှိမယ်ဆို တာ စဉ်းစားသာကြည့်တော့ဗျာ...
အကုန်ပြန်ပြောနေရင်လဲ ပြီးတော့မှာမဟုတ်လို့ကြားထဲက ဟာတွေတော့ .............................................အဲ့ဒီလိုနဲ့ အလွဲပေါင်းမြောက်များစွာနဲ့ OTT ဆိုတာကြီးကို ပြီးလာခဲ့တယ်ဆို ပါတော့ဗျာ နေလည်လဲရောက်ရော ရွှေတိဂုံ ဘာရားကို မရောက်ဘူးလို့ဆိုပြီး သွားဖူးတာ လူကူးမျဉ်းကြားက မကူးဘဲ မြက်ခင်းပေါ်က ဖြတ်ပြေးလို့ဆိုပြီး ရဲကလိုက်ဖမ်းလို့ပြေးရသေးတယ် ..ဟီးးး နောက်ပြီးတော့ အမှတ်တရ Happy World ထဲမှာလဲ ခါးလောက်ရှိတဲ့ရေထဲမှာ တစ်ခါနစ်ခဲ့ သေးတယ်ဗျာ ....ကျွန်တော်က အဲ့လိုကောင်မျိုး....
ဒီလိုနဲ့ ၁၁.၁၂ .၂၀၀၅ မှာ ကျွန်တော် စစ်တက္ကသိုလ်ကို သတင်းပို့ဖို့ဖြစ်လာတော့တာပဲ သဘောကတော့ကျွန်တော် နောက်တစ်ကြိမ် ကံဆိုးစွာနဲ့ပဲ ဗိုလ်ရွေးအောင်ခဲ့ပြန်တယ်ပေါ့ဗျာ..ဒီလိုနဲ့ မနက်ဖန် လိုသွားတော့မယ်ဆိုဒီနေ့လိုညမှာ ကျွန်တော့်ကောင်မလေးဆီကို စာရေး အလွမ်းတွေသီကြူးပြီးတော့ စိတ်ထဲမှာဒွိဟ ဖြစ်နေတာ နောက်ဆုံးတော့ အကြံကောင်းတစ်ခုထွက်လာတယ် အရေးကြုံတော့လဲဒီခေါင်းက ထွက်လာတာပဲ ဥာဏ်နီ ဥာဏ်နက်တွေလေ...ကျွန်တော်တို့က မနက် ၂ နာရီဆို ပြင်ဦးလွင်ကိုသွားမှာဆို တော့ တစ်နာရီလောက်ကြီးထပြီး ထားခဲ့မယ့်သေတ္တာထဲကိုယူလာရမယ့် စာရွက်စာတမ်းတွေထည့်ပြီး သော့ခတ်ပြီးငြိမ်နေ လိုက်တော့တာပဲ ...(.ဟီးးးးးးးးးးးးးးးးးးးးအကြံပိုင်တယ်မလား) ကျွန်တော်တို့ တူတူသွားရမှာက ၇ ယောက်။အဲ့ဒီ ၇ ယောက်လုံးကလဲ ၀ လုံးတန်းကနေ ၁၀ တန်းထိတူတူ တက်ခဲ့ကြတာဗျာ..သူတို့လဲသိတာပေါ့ ကျွန်တော် စစ်တက္ကသိုလ် မတက်ချင်ဘူးဆိုတာကို ပြီးတော့ကျွန်တော်ဘယ်လိုအကွက်ရွှေ့မယ်ဆိုတာကို လဲသိချင်နေကြတာ။ အဲ့ဒီလိုနဲ့ ပြင်ဦးလွင်ကိုရောက်ပါလေရော ကျောင်းဝင်ခွင့်အတွက် လျောက်လွှာတွေတောင်းတဲ့ အချိန်ကြတော့မှ အကုန်လုံးအကြောင်းစုံ သိပြီး ကျွန်တော့်အဖေ ပေါက်ကွဲတော့တာပဲ ဒါပေမယ့်လူတွေကြားထဲဆိုတော့ကျွန်တော့ကို ဘာမှတော့ပြောပါဘူး (မပြောလဲ မျက်နှာကိုကြည့်ပြီးတော့သိနိုင်တာပဲ ဟုတ်တယ်မလား) အဖေက ဖုန်းဆက် မယ်ဆိုပြီးထွက်သွားမလို့လုပ်တုန်း အိမ်ကနေကားနဲ့ရောက်လာတာပဲ ကျွန်တော့်ရဲ့ ချစ်လှစွာသော မေမေကြီးက သေတ္တာရှင်းရင်းနဲ့တွေ့လို့ဆိုပြီးချက်ချင်းလိုက်လာတာဗျာ မိနစ် ၂၀ လောက်ပဲကွာမယ်ထင်တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်ဘာလုပ်နေတာလို့ ထင်လဲ သေတ္တာပေါ်မှာ မိန့်မိန့်ကြီး ထိုင်ပြီးတော့ အမေကြော်ပေးလိုက်တဲ့ဟင်းကြော်တွေထိုင်ဝါးနေတာ...
ရလာတဲ့အကြိုးဆက်ကတော့ ဆီဖိုးဆိုပြီးကျွန်တော့်မုန်ဖိုးထဲက ပိုက်ဆံ ၂ သောင်းပြန်နှုတ်သွားတယ်ဗျာ..ဒီလိုနဲ့စစ်ဗိုလ် ဖြစ်ချင်တဲ့လူကျတော့လဲ ကြံဖန်ြ့ပီးတော့ကိုဖြစ်တာ။ နောက်ပြီး အမှတ်တရ တစ်ခုက အောက်တပ်ရင်းမှာ ညာထပ်စီးကို ၂၀၀ နဲ့ရောင်းဘူးတယ် ၀ယ်တဲ့ကောင်ကံဆိုးချင်တော့ အဲ့ဒီနေ့က မှိုကြွလို့ဆိုပြီးထူးထူးခြားခြား ညာထိပ်စီး ၅ယောက်ထုတ်သွားတာ အခုစာကိုဖတ်ကြည့်နေတဲ့ သူငယ်ချင်းတွေလဲ မှတ်မိကြမှာပါ။ကျွန်တော်က အဲ့လိုကောင်................ ခုတော့လဲ စစ်တပ်ထဲမှာပျော်နေပြီး စစ်ဗိုလ်ကြီးတောင်မှဖြစ်နေပြီ ။ နောက်ဆုံးတစ်ခုက ကျွန်တော့ကို ပြင်ဦးလွင်မှာ နှစ်တွေအကြာကြီးနေရအောင်လုပ်လို့ဆိုပြီး ဒဏ်ခတ်တဲ့ အနေနဲ့ြ့ပင်ဦးလွင်က ကောင်မလေးတစ်ယောက်ကို ရည်းစားကောက်တော်ခဲ့သေးတယ်.........................ဒီလိုဒီလို.....
စာကြွင်း.။ ။ ဒီထဲက ကျွန်တော်ဆိုတဲ့ ဇာတ်ကောင်ကတော့ အနော်ရထာတပ်ရင်း တပ်ခွဲ (၁၄) အင်တိတ်တစ်ခုလုံးရဲ့ နောက်ပိတ်ကနေကျောင်းဆင်းလာတဲ့ ကြည်း- ၅၂၅၃၁ ဗိုလ်အောင်သက်ဆွေဦး ဖြစ်ပါတယ်။
အဲ့ဒီတုန်းက ကျွန်တော်နဲ့အတူတူလာခဲ့ကြတဲ့ သူငယ်ချင်းတွေက ကျော်ငြိမ်းအောင် (န.ရ.ထ-၁၄)၊ ဟိန်းစိုးထက်(ဘ.ရ.န-၃)၊ မျိုးသူထွန်း(ဘ.ရ.န-၁၁)၊ သက်အောင်စိုး (ဘ.ရ.န-၁၁) မင်းဟိန်းသက်(န.ရ.ထ-၉)၊ရန်ပြေ (ဆေးကျ)
အမိ စစ်တက္ကသိုလ် ကျောင်းတော်ကြီးအား လွမ်းဆွတ်ခြင်းများစွာဖြင့် .............................
*****ကျွန်တော် ဆိုတဲ့ကောင်က ရည်းစားစာတောင်ဖြောင့်အောင်မရေးတတ်တာ ဒီလိုစာတွေကိုရေးတော့ စိတ်ဝင်စားဖို့မကောင်းသလို ဖတ်လို့လဲကောင်းမှာ မဟုတ်ပါဘူး********