some text some text some text some text some text some text
အမှတ်စဉ်(၅၁)သူငယ်ချင်းများ နိုင်ငံ့တာဝန်များကို ဆထက်တံပိုး ထမ်းဆောင်နိုင်ပါစေ

ADMIN နှင့်ဆက်သွယ်ရန်

Friday, September 16, 2011

မြန်မာ နိုင်ငံ

          

မြန်မာနိုင်ငံခေါ် တရားဝင်အားဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အရှေ့တောင်‌အာရှ၏ ပင်မကုန်းမြေပေါ်တွင် ပထဝီ အကြီးမားဆုံးသော တိုင်းပြည် ဖြစ်သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရ​က်တွင် ဂရိတ်ဗြိတိန်နိုင်ငံထံမှ ( အင်္ဂလိပ်လို "Burma" အဖြစ်နှင့်) ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် လွတ်လပ်ရေးကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အဖြစ် ၁၉၇၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင်လည်းကောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အဖြစ် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင်လည်းကောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် ၁၉၈၉ ခုနှစ် ဇွန် ၁၈ ရက်တွင်လည်းကောင်း အမည်များပြောင်းလဲခဲ့သည်။
အာဏာရစစ်အစိုးရအား အသိအမှတ် မပြုသော အဖွဲ့အစည်းများက ဘားမား (ဗမာ "Burma") ဟုသာ အသိအမှတ်ပြုခံခဲ့ရပြီး မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့ဘက်တွင် လော(လာအို)နိုင်ငံ၊ အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အနောက်မြောက် အရပ်တွင် အိန္ဒိယနိုင်ငံ၊ တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် အနောက်တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော် တို့ဖြင့် ထိစပ်လျက်ရှိသည်။ မြန်မာနိုင်ငံ ပတ်လည်အနားသား၏ သုံးပုံတစ်ပုံ ၁၃၈၅မိုင် မှာ တစ်ဆက်တည်းသော ကမ်းရိုးတန်းအဖြစ်တွေ့ရှိနိုင်သည်။


ခေတ်သစ်ကာလအချိန်များတွင် မြန်မာနိုင်ငံ၏ ကွဲပြားခြားနားသောလူဦးရေ ၄င်း၏နိုင်ငံရေး၊ သမိုင်းကြောင်းနှင့် လူသားအရင်းမြစ်များအား အဓိကအခန်းများမှ ဖော်ဆောင်လျက်ရှိသည်။ ၁၉၉၂ ခုနှစ်က အာဏာရယူခဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေခဲ့သည်။ ၁၉၄၈ ခုနှစ်အထိ ဗြိတိသျှအင်ပါယာ အောက်တွင် ရပ်တည်ခဲ့သော မြန်မာနိုင်ငံသည် ယနေ့အချိန်ထိ လူမျိုးရေးတင်းမာမှုနှင့် အာဏာသိမ်းရန် ကြိုးစားအားထုတ်မှုများကို ဆက်လက်ရင်ဆိုင်ရလျက်ရှိသည်။ အိမ်နီးချင်းနိုင်ငံများ၏ လွှမ်းမိုးမှု နက်ရှိုင်းစွာခံရသည့် မိမိ၏ ယဉ်ကျေးမှုတွင် ထူးခြားသည့် ဗုဒ္ဓယဉ်ကျေးမှုနှင့် တိုင်းရင်းသားဓလေ့များ မပျောက်ကွက်အောင် ယနေ့တိုင် ထိမ်းသိမ်းလျက်ရှိသည်။

ပုဂံခေတ်မတိုင်မှီမြန်မာနိုင်ငံ

 

အာရှ တိုက် ဆိုင်ရာ ဘာသာဝေါ ဟာရ ပညာရှင် များ က မြန်မာလူမျိုး များသည် အရှေ့  တိဗက် ဘာသာ ဝေါ ဟာရ အုပ်စု ၀င်လူမျိုး တမျိုးဖြစ် သည် ဟု အတည်ပြုထားကြသည်။ တရုတ် မှတ်တမ်းဟောင်း များ ၏ အဆို အရ မြန်မာလူမျိုးများ သည် တရုတ်ပြည် အနောက် မြောက် ကန်ဆူ နယ် တွင် နေထိုင်ကြသည်။ တ ရုတ် က ဖိသဖြင့် တိဗက် ကုန်းမြင့် ဒေသ တ၀ိုက် သို့ ပြောင်းသွားကြသည်။
တိဗက်တို့  က မောင်းထုတ် သဖြင့် ယူနန်နယ် သို့ ပြောင်းကြ သည်။ ထို အချိန် တွင် ယူနန် နယ် တွင် အင်အား ကြီးမား လာသည့် ထိုင်းရှမ်းများသည်ပြည်နယ်ကြီး ၆ ခုကို နန်ချို နိုင်ငံ အဖြစ် ပထမဆုံး သိမ်းသွင်း နေသည့် ကာလ ဖြစ်သည်။ မြန်မာလူမျိုး များသည် ယူနန်နယ် တွင် နန်ချို ထိုင်း ရှမ်း များ နှင့် နှစ် အတန်ကြာ နေ ထိုင် လာ ခဲ့ကြ သည် ဟု ယူ ဆ ရ သည်။ တရုတ် ရာဇ၀င် ဆရာ ကြီး ဖန်ချုံ ၏ မှတ် တမ်း ၌ ၄င်းတို့ ၏ အကြီး အကဲ အား မင်း ဟု ခေါ် ဝေါ် ကြောင်း ထိုင်း ရှမ်း များ က စောမင်း ဟု ခေါ် ဝေါ် ကြောင်း ရေးသား ထား သည် ယင်း သို့ နန်ချို ထိုင်း ရှမ်း များ ၏ လက် အောက် တွင် နေ ထိုင် ရာမှ ထိုင်းရှမ်း တို့ ၏ ဖိနှိပ်မှု အား မခံနိုင် သ ဖြင့် မြန်မာ နိုင်ငံ တွင်း သို့ ဝင် ရောက်လာကြသည်။ မြန်မာနိုင်ငံ သမိုင်း နှင့် ပတ်သက် ၍ အကြား အမြင်များ သည့်သမိုင်းဆရာ ဂေါ်ဒွင်လုစ် ၏ အဆိုအရ မြန်မာများသည် ရှေးဦး စွာ ကျောက်ဆည်နယ် သို့ ဝင် ရောက် လာပြီး မြန်မာနိုင်ငံ အလယ်ပိုင်း သို့ ပြန့် နှံ့သွားသည် ဟု ဆိုသည်။ မြန်မာတို့ ရာစုနှစ် အ နည်းငယ် အတွင်း အခြေ စိုက် နိုင်ခြင်း မှာ မြန်မာ တို့ ၏ အစွန်း အစ အပြင် ထို အချိန်ကာလ တွင် နန်ချို ထိုင်းရှမ်း တို့ ၏ တိုက် ခိုက် ဖျက်ဆီးခြင်း ကို ခံလိုက်ရပြီး ၊ တိုင်းပျက်ပြည်ပျက် နှင့် အုပ်ချုပ်ရေး ပျက်သုဉ်းယုံသာ မကကုန်ထုတ် လုပ်ငန်း များပါ ပျက် ပြားပြီး ရပ်တည်ရာ မရ ကစင့် ကလျား ဖြစ်နေသည့် ပျူ လူမျိုး များ နှင့် ရော ထွေး နေ ထိုင်ရာ မှ ရာစုနှစ် အနည်းငယ် ခန့် အတွင်း ပျူ လူမျိုး များ နှင့် သွေးရောနှော သွားကြပြီး လူမျိုး ကြီး နှစ်မျိုး ပေါင်း စပ် လိုက်ကြသဖြင့် စိုက်ပျိုးရေး ၊ ကုန်ထုတ်လုပ်ငန်းများ ၊ အုပ်ချုပ်ရေး ၊ ကာကွယ်ရေး၊ ယဉ်ကျေးမှု စသည် ဖြင့် အစစ အရာရာ တိုးတက်ဖွံ့ ဖြိုးလာပြီး ကိုးရာစု နှင့် ဆယ်ရာစုခန့် လောက်တွင် မြန်မာ နိုင်ငံအလယ်ပိုင်း ဒေသ အား စည်းလုံးသိမ်းသွင်းပြီး ပုဂံပြည် နှင့် ပုဂံမင်းဆက် ကို စတင် တည် ထောင်လေသည်။ (မသက်ဇင်)

ပုဂံခေတ်

အေဒီ ၇ ရာစုမှ စ၍ ဧရာဝတီ မြစ်ဝှမ်းကို အခြေခံကာ ဗမာ လူမျိုးများ စတင်ခဲ့သည်။ ခရစ်နှစ် ၈၄၉ မှ စ၍ ပုဂံကို ဗဟိုပြုကာ နိုင်ငံငယ်များ ထူထောင်ခဲ့ကြသည်။ အနော်ရထာ (၁၀၄၄ - ၁၀၇၇) မင်းကြီးက ပထမ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည်။ အနော်ရထာ မင်းကြီးသည် သထုံကို ၁၀၅၇ တွင် တိုက်ခိုက် အောင်မြင်ခဲ့ပြီး မွန်တို့ထံမှ ပိဋကတ် သုံးပုံကို ပုဂံသို့ ပင့်ဆောင်ခဲ့သည်။ ထိုအချိန်မှ စ၍ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံတွင် ပြန့်ပွားစည်ပင်ခဲ့သည်။ အနော်ရထာ မင်းကြီးနောက် နန်းတက်သော ကျန်စစ်သား လက်ထက်တွင် ဗမာစာ ကို မွန်စာအား အခြေခံ၍ တည်ထွင်ရေးသား ခဲ့ကြသည်။ ပုဂံခေတ်တွင် စေတီ၊ ပုထိုးပေါင်း များစွာကို တည်ထား ကိုးကွယ်ခဲ့ကြသည်။ (၁၃) ရာစုတွင် ပုဂံ၏ အင်အားများ စတင်ယုတ်လျော့လာပြီး မွန်ဂိုဘုရင် ကူဗလိုင်ခန်က ၁၂၇၇ တွင် မြန်မာပြည်မြောက်ပိုင်းကို စတင် သိမ်းပိုက်ခဲ့သည်။ ၁၂၈၇ တွင် ပုဂံမြို့ကို သိမ်းပိုက်ခဲ့သည်။

ပုဂံခေတ် ပျက်သုဉ်းပြီး နောက် မြန်မာနိုင်ငံ

ပုဂံ ခေတ် ပျက်သုဉ်း ပြီး နောက် မြန်မာနိုင်ငံ ဘေးပတ်ဝန်းကျင် အနေအထား များ ကို သမိုင်းဝင် အ ထောက် အ ထား များ အရ လေ့လာ ကြည့် လျှင် တရုတ် ပြည် ယူနန်နယ် ရှိ ရှမ်း ထိုင်း များ ၏ နန်ချို နိုင်ငံအား တာတာ ဘုရင် ကုဗလေခန် က ၀င်ရောက် တိုက်ခိုက် သိမ်းပိုက် လိုက်သဖြင့် နန်ချို ထိုင်း ရှမ်းများ သည် အရှေ့ တောင် ပိုင်း ဒေ သများ ဖြစ် သည့် အာသံ မြန်မာ နှင့် အင်ဒို ချိုင်းနား ဒေသများဆီ သို့ တိုးဝှေ့ ပြန့် နှံ့ လျက် မြန် မာ နိုင် ငံဘေး ပတ်ဝန်း ကျင် တွင် အဟုံး ဇင်းမယ် လင်းဇင်း သောက္ကတဲ ယိုးဒယား နိုင် ငံ များ ကို ထူထောင် လျက်ရှိ သည်။ မြန်မာနိုင်ငံ အရှေ့ ဘက် တလွှား တွင် အင်အားကြီးမား သည့် တရုတ်နိုင်ငံ ကြီးကို ဥ ရောပ တိုက် အရှေှ့ ပိုင်း နှင့် အာရှ တိုက် အလယ်ပိုင်း တခုလုံး ကို အောင်နိုင် ခဲ့သည့် တာတာ တို့ သည် သိမ်း ပိုက် အုပ် ချုပ် လျက် ရှိသည်။အိ န္ဒိယနိုင်ငံမြောက်ဘက်တလွှားနှင့်ဘင်္ဂလားနယ်များတွင် မူဆလင်နိုင်ငံများ ထူထောင်လျက်ရှိသည်။
အင်ဒို ချိုင်းနား ဒေသ ဘက် တွင် အင်အား ကြီးမား သည့် ကမ္ဗောဒီးယား နိုင်ငံတော် ကြီး သည် ထိုင်း ရှမ်း များ ၏ဝင် ရောက် တိုက်ခိုက်ခြင်း ကို ခံရသဖြင့် အင်အား ဆုတ်ယုတ်လျက်ရှိသည်။ သီဟိုနိုင်ငံသည် အိန္ဒိယနိုင်ငံ တောင် ပိုင်း ချိုလာ မင်းဆက်များ ၏ လက်အောက်ခံဘ၀ မှ လွတ် မြောက် လျက် ရှိ သည် ပုဂံခေတ်မတိုင်မှီ က ထက် အထူးခြားဆုံး ဖြစ်ရပ်မှာ ယူနန်နယ် ရှိ ထိုင်းရှမ်းတို့ ၏ နန်ချိုနိုင်ငံ ပျက်စီး သွားပြီး နောက်အရှေ့ တောင်ပိုင်းဒေသ များ သို့ အလုံးအရင်းနှင့် ၀င်ရောက်လာကြသည်။
ငှင်းတို့ အနက် အင်ဒို ချိုင်းနား ဒေသဘက် တွင် ကမ္ဗောဒီးယားနိုင်ငံ ပျက်စီးပြီး နောက် သက္ကရာဇ် ၁၃၅၀ ခု နှစ် တွင် အာယုဒ္ဓယမြို့တော်ကို ဗဟိုပြု၍ မဲနန်မြစ် ဝှမ်းဒေသတဝိုက်တွင် အင်အားကြီးမားသည့် ယိုးဒယား နိုင်ငံအား ထူ ထောင်လိုက်ခြင်းသည် အထူးခြားဆုံးသမိုင်းဝင်အဖြစ်အပျက်ကြီး တရပ်ပင်ဖြစ်သည်။
တဖန် သမိုင်းဝင် အထောက်အထား များဖြင့် ပုဂံခေတ် ပျက်သုဉ်းသွားပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင်း သို့ လေ့ လာကြည့်လျှင် မြောက်ပိုင်း မောရှမ်းများ သည် သီပေါ သိန္နီ မိုးမိတ် ဗန်းမော် မိုးကောင်း မိုးညှင်း ကလေး သောင် သွပ် ခန်းတီး အရပ်ဒေသများ တွင် ရှမ်းစော်ဘွားများ ၏ အာဏာပိုင်ထူထောင်လျက်ငှင်း။ မြန်မာ နိုင်ငံ တောင် ဘက် တလွှားတွင် ငှင်း မြန်မာနိုင်ငံအလယ်ပိုင်းအရပ်ဒေသရှိ ရှမ်းများသည် ငှင်း ပြည် နယ် အ ကြီး အ ကဲ များ ဖြင့် စည်းလုံးညီညွှတ်ခြင်းမရှိပဲ တနယ်တမင်း စိုးစံအုပ်ချုပ်လျက်ရှိသည်။မြန်မာနိုင်ငံ အလယ်ပိုင်း ဧရာ ဝ တီနှင့် စစ်တောင်းမြစ်ဝှမ်း အရပ်ဒေသများတွင် မြန်မာလူမျိုး များသည် တနယ်တမင်း တဗိုလ်နှင့်တဗိုလ် တိုက်ခိုက် လျက်ရှိသည်။
ရခိုင် ကမ်းရိုး တန်း ဒေသတဝိုက် တွင် ရခိုင်လူမျိုး အကြီးအကဲများ နှင့်မင်းများသည် မြန်မာနိုင်ငံပြည်မ နှင့်လုံးဝ အဆက်အသွယ်ပြတ် လျက် မိမိတို့ဘာသာမိမိတို့ သီးခြားကင်းလွတ်နေထိုင်လျက် ရှိသည်။ မြန်မာနိုင်ငံ တောင် ဘက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ နှင့် တနင်္သာရီ ကမ်းရိုးတန်းဒေသများ တွင် မွန် လူ မျိုးများ နှင့်အကြီး အကဲ များသည် ပုဂံ မင်း ဆက် များ အား ထောင် ထားခြားနား ကာ တနယ် တမင်း ထူ ထောင် လျက် ရှိသည် ကို ယေ ဘူယျတွေ့ရသည်။ ကျန် အချက်တချက်သည် ကား ပျူလူမျိုး များသည် လူမျိုး တမျိုးအဖြစ် မှ လုံး ဝ ပျောက် ကွယ် သွားခြင်းပင်ဖြစ်သည်။

ကျမ်းကိုး
  • ရှမ်းလူမျိုးများအကြောင်း။ ဒေါ့ဗ်
  • ရှမ်းခေတ်။ ဂျီအီးဟာဗီ ။ပန်း။ ဟောလ်။
  • ရခိုင်ရာဇ၀င် ။ အောင်သာဦး
  • အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅
  • မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)
  • မိတ်ဆိနာ-ခေတ်ဦးဖုနန်-ဖန်-ပျူ နှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။
  • ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်
  • မဟာ မြန်မာရာဇ၀င်တော်ကြီး ( ဦးကုလား )မှန်နန်းရာဇ၀င် သုံးတွဲ(ယခုရေးသားချက်များအား http://wikimyanmar.co.cc/ ဆိုဒ်မှကူးယူဖေါ်ပြပါသည်)

အင်းဝခေတ်(၁၃၆၄-၁၅၂၇/၁၅၅၅)

ပုဂံခေတ်နောက်တွင် မြန်မာတို့၏ ရပ်တည်မှုကို ဆက်လက်တည်ထောင်ပေးသည့် အင်းဝခေတ်ကို သတိုးမင်းဖျားက စတင်တည်ထောင်သည်။ အင်းဝမြို့ကို တည်ဆောက်ကာ နန်းမြို့အဖြစ်စတင် အသုံးပြုသည့်အတွက် ထိုခေတ်ကို အင်းဝခေတ်ဟု ခေါ်ကြသည်။ ထိုခေတ်အတွင်း အောက်အရပ်မှ မွန်တို့နှင့်ရင်ဆိုင်ကာ နာမည်ကျော် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ကို တိုက်ခိုက်ခဲ့ကြသည်။ မင်းကြီးစွာစော်ကဲနောက် နန်းတက်သည့် ဆင်ဖြူရှင်တရဖျား ၊ ဘုရင်မင်းခေါင် တို့လက်ထက်များအထိတိုင် တိုက်ခိုက်ခဲ့ရသည့် စစ်ပွဲဖြစ်ပေသည်။ ထိုမင်းများနောက် နန်းတက်သည့် မင်းများလက်ထက်တွင်လည်း တိုင်းပြည်အေးချမ်းရေးကို လိုလားစွာ ဆောင်ရွက်ကြသည်မရှိသလောက် နည်းပါးသဖြင့် အချိန်ကြာသည် နှင့်အမျှ အင်အားဆုတ်ယုတ်လာပြီး နောက်ဆုံးတွင် လက်အောက်ခံ ပဒေသရာဇ်များနှင့် မြောက်ပိုင်းမှရှမ်းစော်ဘွားများ အင်အားကြီးလာသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက်တွင် ရှမ်းစော်ဘွား မိုးညှင်းစလုံ နှင့် သား သိုဟန်ဘွားတို့က အင်းဝကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်။

တောင်ငူ -ဟံသာဝတီခေတ် (၁၃၅၁ - ၁၅၉၉)

တပင်ရွှေထီး (၁၃၅၁ - ၁၅၅၁)က တစ်စစီ ဖြစ်နေသော နိုင်ငံငယ်လေးများကို စုစည်း၍ တောင်ငူထီးနန်းကို စတင် တည်ထောင်ခဲ့သည်။ တပင်ရွှေထီးနောက် ထီးနန်းဆက်ခံသော ဘုရင့်နောင်မင်းတရားကြီး လက်ထက်တွင် အထက်မြန်မာပြည် ၊ မဏိပူရ ၊ ရှမ်း ၊ ချင်းမိုင် ၊ အယုဒ္ဓယ နှင့် လင်ဇင်း တို့ကို တိုက်ခိုက် အောင်မြင်ခဲ့ပြီး အရှေ့တောင်အာရှ ၏ နယ်မြေ အများအပြားကို လက်အောက်သို့ ရောက်ရှိစေခဲ့သည်။ ဘုရင့်နောင်မင်းတရားကြီး ၁၅၈၁ ခုနှစ်တွင် နတ်ရွာစံပြီင်္းနောက် နန်းတက်သည့်သားတော် ငါးဆူဒါယကာ နန္ဒဘုရင်လက်ထက်တွင် အုပ်ချုပ်မှု ညံ့ဖျင်းသည့်အပြင် စစ်ကိုသာလိုလိုလားလားနှင့် မပြတ်တမ်း တိုက်သည့်အတွက် တောင်ငူဘုရင်ခံ ကိုးသိန်းသခင် မင်းရဲသီဟသူ (နတ်သျှင်နောင်၏ခမည်းတော်)မှ စတင် ပုန်ကန်ပြီးနောက် ဟံသာဝတီကိုသိမ်းယူကာ နန္ဒဘုရင်ကို တောင်ငူသို့ ဖမ်းဆီးခေါ်ဆောင်သွားရာမှ ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံကြီးမှာ အချိန်တို အတွင်း ပြိုကွဲခဲ့ရသည်။

ညောင်ရမ်းခေတ်(၁၅၉၆-၁၇၅၂)

နောက် ဘုရင့်နောင်၏ မထင်မရှားသားတော်တစ်ပါးဖြစ်သည့် ညောင်ရမ်းစားရှင်သစ္စာက မဟာသီဟသူရဘွဲ့ဖြင့် ညောင်ရမ်းမင်းဆက်ကို ထူထောင်ခဲ့ပြီး တိုင်းပြည်ကို ပြန်လည်ထူထောင်ရန်ကြိုးပမ်းသော်လည်း ယခင်ကဲ့သို့ကြီးပွားစည်ပင်ခြင်းကို ပြန်မရောက်နိုင်တော့ပေ။ အယုဒ္ဓယမှ ထိုင်းတို့သည် ၁၅၉၃ တွင် တနင်္သာရီကို၎င်း ၊ ပေါ်တူဂီ ကြေးစားတို့ပါဝင်သည့် ရခိုင်တို့သည် ၁၅၉၉ တွင် ပဲခူးကို၎င်း ထိပါး တိုက်ခိုက်ခဲ့ကြသည်။ ပေါ်တူဂီ စစ်သား ဖိလစ်ဒီဘရစ်တို (ငဇင်ကာ ခေါ် ဇင်ကာကူ) သည် မြန်မာနိုင်ငံ၏ အဓိက ဆိပ်ကမ်းဖြစ်သည့် သန်လျင်ကို သိမ်းပိုက်ခဲ့ရာ ညောင်ရမ်းမင်းဆက်၏ ဒုတိယမင်းဖြစ်သည့် အနောက်ဖက်လွန်မင်း (၁၆၀၅ - ၁၆၂၈) က ၁၆၁၁ ခုနှစ်တွင် တိုက်ခိုက် နှိမ်နှင်းခဲ့ရသည်။ ညောင်ရမ်းခေတ်နောက်ပိုင်းကာလများတွင် ရာသီဥတုဖောက်ပြန်ခြင်းနှင့် ဘုရင်များအရည်အသွေးနှိမ့်ပါးခြင်းတို့ကြောင့် ဇင်းမယ်ဒေသကို လက်လွတ်ဆုံးရှူံးရသလို၊ မဏိပူရမှ ကသည်းများ၏ ကျူးကျော်မှုကိုလည်း ခံရသည်။ နောက်ဆုံး မဟာဓမ္မရာဇာဓိပတိလက်ထက်တွင် ဟံသာဝတီမှ ပုန်ကန်သည်ကို မနှိမ်နှင်းနိုင်တော့သည့် စစ်ရှူံးကာ ညောင်ရမ်းမင်းဆက်ပြတ်ပြီး ညောင်ရမ်းခေတ်လည်းကုန်ဆုံးသွားလေသည်။

ကုန်းဘောင်ခေတ် (၁၇၅၂ - ၁၈၈၅)

အလောင်းဘုရား (၁၇၅၂ - ၁၇၆၀) က ၁၇၅၂ ခုနှစ်တွင် ရွှေဘိုကို အခြေခံ၍ ကုန်းဘောင် မင်းဆက်ကို တည်ထောင်ခဲ့သည်။ ဘကြီးတော်ဘုရား (၁၈၁၉-၁၈၃၇) လက်ထက်တွင် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄ - ၁၈၂၆) ဖြစ်ပွားပြီး အာသံ ၊ မဏိပူရ ၊ ရခိုင်နှင့် တနင်္သာရီ တို့ကို အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီလက်သို့ ပေးအပ်ခဲ့ရသည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ တွင် စစ်သူကြီး မဟာဗန္ဓုလမှာ ထင်ရှားခဲ့သည်။ ပုဂံမင်း လက်ထက်တွင် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့ပြီး ဧရာဝတီ ၊ ရန်ကုန် နှင့် ပဲခူးတို့ကို အင်္ဂလိပ်တို့ လက်သို့ ပေးအပ်ခဲ့ရပြီး အောက် မြန်မာနိုင်ငံ တစ်ခုလုံး ဆုံးရှုံးခဲ့ရသည်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲသည် (၃)လသာ ကြာမြင့်ခဲ့သည်။ သီပေါမင်း (၁၈၇၈-၁၈၈၅) လက်ထက်တွင် တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့ပြီး မြန်မာတို့၏ အချုပ်အခြာ အာဏာ ဆုံးရှုံးခဲ့ရသည်။ သီပေါမင်းနှင့် မိသားစုများအား အင်္ဂလိပ်တို့က အိန္ဒိယသို့ ခေါ်ဆောင်သွားခဲ့သည်။ ၁၈၈၆ ဇန်န၀ါရီ (၁) ရက်နေ့တွင် မြန်မာနိုင်ငံအား အိန္ဒိယ၏ပြည်နယ်တစ်ခုအနေဖြင့် ဗြိတိသျှအင်ပါယာအတွင်းသို့ သွပ်သွင်းလိုက်ကြောင်း အင်္ဂလိပ်တို့က ကြေငြာခဲ့သည်။ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးနောက် မြန်မာ့ နန်းစဉ် ရတနာနှင့် အဖိုးတန်ပစ္စည်း အများအပြား အင်္ဂလိပ်တို့ သိမ်းပိုက်ယူငင် ခဲ့ကြရာ သမိုင်းတွင် ထင်ရှားလှသည့် ပတ္တမြား ငမောက်‎လည်းပါဝင်ခဲ့ပြီး ယခုတိုင် မည်သည့်နေရာတွင် ရောက်ရှိနေမှန်း မသိရပေ။

ရှေးရာဇဝင်လာ မြန်မာတိုင်းကြီး ၃-ရပ်

မြန်မာ့ရာဇဝင်ကျမ်းများ၌ ထင်ရှားသော တိုင်းကြီး ၃-တိုင်းကို ပိုင်းခြား ရေတွက် ဖော်ပြခဲ့ဖူးသည်။ ယင်းတို့မှာ
(၁) သုနာပရန္တတိုင်း - ဧရာဝတီမြစ် လက်ျာ ဖက်ကမ်းရှိ နယ်ပယ်ဌာနများကို ခေါ်သည်၊ တစ်နည်း - စကု, စလင်း, ဖေါင်းလင်းစသော ပြည်ကြီးတို့တည်ရာ ဧရာဝတီမြစ် အနောက်ဖက် တောင်ဖက်အရပ်ဒေသများကို ခေါ်ဆိုသည်၊
(၂) တမ္ဗဒီပတိုင်း- ဧရာဝတီမြစ်၏ လက်ဝဲဖက်ကမ်းရှိ နယ်ပယ်ဌာနများကို ခေါ်သည်၊ တစ်နည်း- ပုဂံ, ပင်းယ, အင်းဝ, မန္တလေး စသော ပြည်ကြီးတို့တည်ရာ ဧရာဝတီမြစ်၏ အရှေ့ဖက်ဒေသကို ခေါ်ဆိုသည်၊
(၃) ကမ္ဗောဇတိုင်း- အရှေ့ရိုးမ တလျှောက်ကို ခေါ်သည်၊ တစ်နည်း- ရှမ်းနယ်များကို ခေါ်ဆိုသည်။
  • ထို့ပြင် ဗမာများနှင့် စစ်ပြိုင်ပြုခဲ့ကြသည့် မွန်တို့အခြေချခဲ့ရာ အောက်မြန်မာနိုင်ငံကိုလည်း ရာမညတိုင်းဟုခေါ်ခဲ့ကြပါသည်။
ရာမညတိုင်းကို မွန်သုံးရပ်ဟုဆိုကာ အနောက်ဖက် ပုသိမ်(ကုသိမ်) ၃၂ မြို့ ၊ဟံသာဝတီ(ပဲခူး) ၃၂ မြို့ နှင့် မုတ္တမ ၃၂ မြို့ ဟုခွဲခြားသတ်မှတ်သည်။

လယ်တွင်း ကိုးခရိုင်

စပါးများစွာ ထွက်၍ ရှေးခေတ် မြန်မာရာဇဝင်၌ ထင်ရှားသော ခရိုင်နယ်များ၊ ပန်းလောင်းမြစ်၏ မှီရာ (၁) စောလှမြို့နယ်၊ (၂) ပင်လယ်နယ်၊ (၃) မြစ်သားနယ်၊ (၄) ပျဉ်းမနားနယ်တို့ဖြစ်၍၊ ဇော်ဂျီမြစ်၏ မှီရာ၊ (၅) မြောင်လှနယ်၊ (၆) မြင်းခုံတိုင်နယ်၊ (၇) မက္ခရာနယ်၊ (၈) ပနံနယ်၊ (၉) မြင်စိုင်းမြို့နယ် ခရိုင်တို့ ဖြစ်လေသည်။

မြန်မာတိုင်းရင်းသား ပြည်နယ်နေ့များ

- ပြည်ထောင်စုနေ့ ဖေဖော်ဝါရီလ (၁၂)ရက်
- ကချင်ပြည်နယ်နေ့ ဇန်နဝါရီလ (၁၅)ရက်
- ကယားပြည်နယ်နေ့ ဇန်နဝါရီလ (၁၁) ရက်
- ကရင်ပြည်နယ်နေ့ နိုဝင်ဘာလ (၇)ရက်
- ချင်းပြည်နယ်နေ့ ဖေဖော်ဝါရီလ (၂၀)ရက်
- မွန်ပြည်နယ်နေ့ မတ်လ (၁၉)ရက်
- ရခိုင်ပြည်နယ်နေ့ ဒီဇင်ဘာလ (၁၅) ရက်
- ရှမ်းပြည်နယ်နေ့ ဖေဖော်ဝါရီလ (၇) ရက်

မြန်မာနိုင်ငံရေးဘောဂဗေဒသမိုင်းဖြစ်စဉ် (၁ဝ၄၄-၂ဝဝ၈)

စဉ် ခရစ်နှစ် အမျိုးသားစီးပွားရေး ပုံသဏ္ဍာန် နိုင်ငံရေးစနစ် နိုင်ငံရေးအာဏာ/ အစိုးရသဏ္ဍာန်
(၁) ၁ဝ၄၄-၁၈၈၅ ပဒေသရာဇ် မြေယာ ကုန်ထုတ်လုပ်မှုဖြင့် ကုန်သွယ်မှု အခြေခံ ပဒေသရာဇ် ကုန်လုပ် ဆက်ဆံရေး သက်ဦးဆံပိုင်ဧကရာဇ် - ပဒေသရာဇ် စနစ် ဘုရင့်နိုင်ငံတော် ဘုရင့်အစိုးရသဏ္ဍာန်
(၂) ၁၈၈၅-၁၉၄၈ ကိုလိုနီ အရင်းရှင်စနစ် အခြေခံ၊ ပဒေသရာဇ်မြေယာ ထုပ်လုပ်ရေး၊ ကိုလိုနီ အရင်းရှင် တစ်ပိုင်း၊ ပဒေသရာဇ် တစ်ပိုင်း၊ ကုန်လုပ် ဆက်ဆံရေး ကိုလိုနီအရင်းရှင်စနစ် ဗြိတိသျှဘုရင်မကို တာဝန်ခံရသည့် မြန်မာပြည်ဘုရင်ခံ အစိုးရ
(၃) ၁၉၄၈-၁၉၆၂ ယျေဘုယျအားဖြင့် လွတ်လပ်သော ဈေးကွက် စီးပွားရေး အခြေခံ အရင်းရှင် ကုန်လုပ်ဆက်ဆံရေး ပါတီစုံပါလီမန်ဒီမိုကရေစီ စနစ် ပြည်သူလွတ်တော်နှင့် လူမျိုးစု လွှတ်တော်ကို တာဝန်ခံရသည့် ပြည်ထောင်စု သမ္မတ နိုင်ငံအစိုးရ
(၄) ၁၉၆၂-၁၉၈၈ ဗဟိုမှ ထိန်းချုပ်သည့် ဆိုရှယ်လစ် စီးပွားရေး အခြေခံကုန်လုပ်ဆက်ဆံရေး တစ်ပါတီ ဆိုရှယ်လစ် ဒီမိုကရေစီ စနစ် ပြည်သူ့ လွှတ်တော်ကို တာဝန်ခံရသည့် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ နိုင်ငံအစိုးရ
(၅) ၁၉၈၈-၂ဝဝ၉ ဗဟိုမှ ထိန်းချုပ်ကန့် သတ်မှု ရှိသည့် ဈေးကွက် စီးပွားရေးနှင့် ကုန်လုပ် ဆက်ဆံရေး အုပ်ချုပ်ရေးစနစ် နိုင်ငံတော်ကို တာဝန်ခံရသည့် တပ်မတော် အစိုးရ

ပထဝီအနေအထား


ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် စပါးစိုက်ပျိုးရေးအတွက် အထူးအရေးပါသည်။ သည်။
မြန်မာနိုင်ငံသည် အကျယ်ဧရိယာ စတုရန်းကီလိုမီတာ ၆၇၈,၅ဝဝ (စတုရန်းမိုင် ၂၆၁,၂၂၇) ရှိ၍ အရှေ့တောင်အာရှတိုက်တွင် အကြီးဆုံးဖြစ်ပြီး ကမ္ဘာတွင် (ဇန်ဘီယာပြီးလျှင်) ၄၀ ခုမြောက် အကြီးဆုံးတိုင်းပြည်ဖြစ်သည်. အမေရိကန်နိုင်ငံရှိ တက္ကဆက်ပြည်နယ်ထက် အနည်းငယ်သေးပြီး အာဖဂန်နစ္စတန်နိုင်ငံထက် အနည်းငယ်ကြီးမားသည်။ မြန်မာနိုင်ငံသည် အနောက်မြောက်ဘက်တွင် ဘင်္ဂင်္လားဒေရှ်နိုင်ငံ၏ စစ်တကောင်းခရိုင်၊ အိန္ဒိယနိုင်ငံ၏ အာသံ၊ နာဂလင်းနှင့် မဏိပူရပြည်နယ်တို့ ဆက်စပ်လျက်ရှိသည်။ မြန်နိုင်ငံ၏ မြောက်ဘက်တွင် တိဗက်နှင့် အရှေ့မြောက်ဘက်တွင် တရုတ်ပြည်၏ ယွင်နန်ပြည်နယ် တည်ရှိသည်။ တရုတ်မြန်မာ နယ်စပ်မှာ အရှည်လျားဆုံးဖြစ်ပြီး ၂၁၈၅ ကီလိုမီတာ (၁၃၅၈ မိုင်) ရှည်လျားသည်။ မြန်မာသည် အရှေ့တောင်ဘက်တွင် လောနှင့် ထိုင်းနိုင်ငံတို့နှင့် ဆက်စပ်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့ တည်ရှိကာ ပင်လယ်ကမ်းရိုးတန်းမှာ (၁၃၈၅မိုင်) ရှည်လျားသည်။ ကမ်းရိုးတန်း၏အလျားမှာ နိုင်ငံပတ်ပတ်လည် နယ်နိမိတ်တစ်ခုလုံး၏ သုံးပုံတစ်ပုံရှိသည်။ 
မြောက်ဘက်တွင် တရုတ်နိုင်ငံ၏ ဟန်တွမ့်ရိုးမတောင်တန်းဖြင့် ထိစပ်လျက်ရှိသည်။ ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီတောင်ထိပ်သည် ၅၈၈၁ မီတာ (၁၉၂၉၆ ပေ) မြင့်ပြီး မြန်မာနိုင်ငံတွင် အမြင့်ဆုံးတောင်ထိပ်ဖြစ်သည်။[15] မြန်မာနိုင်ငံတွင် ဟိမဝန္တာတောင်မကြီး၏ မြောက်မှ တောင်သို့ ဖြာဆင်းလာသော တောင်တန်းကြီးသုံးခုရှိရာယင်းတို့မှာ ရခိုင်ရိုးမ၊ ပဲခူးရိုးမနှင့် ရှမ်းကုန်းပြင်မြင့်တို့ဖြစ်ကြလေသည်။[16] ဤတောင်တန်းကြီးများက မြစ်ကြီးသုံးသွယ်ဖြစ်သော ဧရာဝတီမြစ်၊ သံလွင်မြစ်နှင့် စစ်တောင်းမြစ်တို့ကိုပိုင်းခြားထားသည်။[14] ဧရာဝတီမြစ်သည် မြန်မာ့ အရှည်ဆုံးမြစ်ဖြစ်ပြီး ၁၂၃၀ မိုင်‌ နီးပါးရှည်လျားပြီး မြစ်စကျွန်းပေါ်ဒေသမှ ပင်လယ်အတွင်းသို့ စီးဝင်သွားသည်။ တောင်စဉ်တောင်တန်းကြီးအကြားတွင် မြေဩဇာကောင်းမွန်သော လွင်ပြင်ကျယ်ကြီးများ တည်ရှိလေသည်။[16] မြန်မာနိုင်ငံ၏ လူဦးရေအများစုမှာ ရခိုင်ရိုးမတောင်တန်းနှင့် ရှမ်းကုန်းပြင်မြင့်ကြားတွင် ရှိသည့် ဧရာဝတီဝှမ်းတလျှောက် နေထိုင်ကြသည်။
မြန်မာနိုင်ငံသည် များသောအားဖြင့် ဥတ္တရယဉ်စွန်းတန်းနှင့် အီကွေတာအကြားတွင် ကျရောက်တည်ရှိသည်။ မြန်မာနိုင်ငံသည် အာရှဒေသ၏ မှတ်သုံရပ်ဝန်းဒေသတွင် ကျရောက်ပြီး ၄င်း၏ ကမ်းရိုးတန်းဒေသများရရှိသော မိုးရေချိန်မှာ နှစ်စဉ် ၅ဝဝဝ မမ (၁၉၇ လက်မ) ရှိသည်။ မြစ်ဝကျန်း?ပေါ်ဒေသတွင် နှစ်စဉ်မိုးရေချိန်မှာ ၂၅ဝဝ မမ (၉၈ လက်မ) ဖြစ်ပြီး၊ မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသော မိုးနည်းရပ်ဝန်းဒေသတွင် နှစ်စဉ်မိုးရေချိန် ၁၀၀၀ မမ (၃၉ လက်မ) ထက်နည်းလေသည်။ မြောက်ဘက်ဒေသများသည် အအေးဆုံးဖြစ်ပြီး ပျမ်းမျှအပူအချိန် ၂၁ ဒီဂရီစင်တီဂရိတ် (၇၀ ဒီဂရီ ဖာရင်ဟိုက်) ရှိလေသည်။ ကမ်းရိုးတန်းနှင့် မြစ်ကျွန်းပေါ်ဒေသများ၏ ပျမ်းမျှအပူချိန်မှာ ပျမ်းမျှ ၃၂ ဒီဂရီစင်တီဂရိတ် (၉ဝ ဒီဂရီဖာရင်ဟိုက်) ရှိလေသည်။[14]
မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းနှေးကွေးခြင်းသည် ၄င်း၏ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့အား ထိန်းသိမ်းပေးရာရောက်ခဲ့သည်။[17] သစ်တောအုပ်ကြီးများ ထူထပ်သိပ်သည်းသည့် အမြဲစိမ်းသစ်တောများနှင့် ကျွန်းတောကြီးများသည် အောက်မြန်မာနိုင်ငံ၏ ၄၉ ရာခိုင်နှုန်း ‌ကျော်သော ဧရိယာကို ဖုံးလွှမ်းလျက်ရှိသည်။ ဤဒေသတွင် အလေ့ကျပေါက်ရောက်သော အပင်များတွင် ကြက်ပေါင်စေးပင်၊ ရှားပင်၊ ပျဉ်းကတိုးပင်၊ လမုတော၊ အုန်းပင်နှင့် ကွမ်းသီးပင်များ ပါဝင်လေသည်။ မြောက်ဘက်ကုန်းမြင့်ဒေသများတွင် ဝက်သစ်ချပင်၊ ထင်းရှူးပင်၊ ဇလပ်ပင်မျိုးစုံတို့ပေါက်ရောက်ကြသည်။ ကမ်းရိုးတန်း တစ်လျှောက်တွင်လည်း အပူပိုင်းဒေသသစ်သီးဝလံမျိုးစုံပေါက်ရောက်ကြသည်။[17] မိုးနည်းရပ်ဝန်းဒေသတွင် မူအပင်များမှာ ကြဲပြီးလှီကြသည်။
တောင်တွင်းသားရဲတိရစ္ဆာန်များအနက်ကျားနှင့် ကျားသစ်တို့သည် မြန်မာနိုင်ငံတွင် တွေ့ရတတ်လေ့ရှိသည်။ အထက်မြန်မာနိုင်ငံတွင် ကြံ့၊ ကျွဲရိုင်း၊ တောဝက်၊ သမင်၊ ဒရယ်နှင့် ဆင်များကို တွေ့နိုင်ပြီး ဆင်များကို ယဉ်အောင်မွေးယူ၍ သစ်လုပ်ငန်းများတွင် ခိုင်းစေအသုံးချကြသည်။ သေးငယ်သော နို့တိုက်သတ္တဝါများမှာလည်း ပေါများလှပြီးမျောက်လွှဲကျော်နှင့် မျောက်များမှအစရှူးပျံနှင့် ကြံ့သူတော်များအဆုံးတွေ့မြင်ရသည်။ ငှက်မျိုးစုစုပေါင်း ၈၀၀ ကျော်ခန့်တွင် ကြက်တူရွေး၊ ရစ်၊ ဥဒေါင်း၊ ကျီးကန်း၊ ငဟစ်နှင့် စပါးခင်းငှက်များ ပါဝင်ပါသည်။ တွားသွားသတ္တဝါတွင်မူမိချောင်း၊ တောက်တဲ့၊ ‌မြွေဟောက်၊ စပါးကြီးမြွေနှင့် လိပ်တို့ကို ပါတွေ့ရှိနိုင်သည်။ ရေချိုငါးမျိုးစုပေါင်းရာနှင့် ချီ၍ တွေ့မြင်ရပြီးလွန်စွာမှ ပေါများကာအရေးအပါသည့် အစာအဟာရ ရင်းမြစ်လည်း ဖြစ်သည်။


ယခုအကြောင်းအရာများအား ဗဟုသုတရစေရန်ရည်ရွှယ်ပြီး http://wikimyanmar.co.cc/  မှကူးယူဖေါ်ပြပါသည်။။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
အလံတော် အထိမ်းအမှတ်တံဆိပ်
နိုင်ငံတော်သီချင်း - ကမ္ဘာမကြေ

ပထဝီ
မြို့တော်နေပြည်တော်မြို့တော်
အကြီးဆုံးမြို့ ရန်ကုန်မြို့
ဧရိယာ
  • မြေဧရိယာ - (၂၆၁၂၂၈ စတုရန်းမိုင်) (အဆင့်: ၃၉)
  • ဧရိယာရေရာခိုင်နှုန်း - ၁၀.၀%
အမြင့်ဆုံးနေရာ ခါကာဘိုရာဇီတောင်(၁၉၂၉၆ပေ)
အရှည်ဆုံးမြစ် သံလွင်မြစ်
ကမ်ရိုးတန်း ၁၃၈၅ မိုင်
စံတော်ချိန်ဇုန် UTC +၆:၃၀
လူထုအကြောင်း
ရုံးသုံးဘာသာများ မြန်မာ
လူဦးရေ
  • လူဦးရေ - ၅၉သန်းခန့်(၂၀၁၀) (အဆင့် - ၂၄)
  • လူဦးရေအထူအထပ် - ၇၅/km²(၁၉၃/sq mi) (အဆင့် - ၁၁၉)
လူမျိုးများ ဗမာ (၆၈%)၊ ရှမ်း(၁၀%)၊ ကရင် (၇%)၊ ရခိုင် (၄%)၊ တရုတ် (၃%)၊ မွန် (၂%)၊ ကုလား (၂%)၊ ကချင်၊ ချင်း၊ ကယား
ဘာသာတရားများ ဗုဒ္ဓ (၈၉%)၊ အစ်စ္စလာမ် (၄%)၊ ခရစ်ယာန် (၄%)၊ အခြား(၃%)
အစိုးရ
အမျိုးအစား ပြည်ထောင်စုအစိုးရ
အစိုးရခေါင်းဆောင်များ
  • နိုင်ငံတော်သမ္မတ - ဦးသိန်းစိန်
  • ဒုတိယသမ္မတ - သီဟသူရဦးတင်အောင်မြင့်ဦး
  • ဒုတိယသမ္မတ - ဒေါက်တာစိုင်းမောက်ခမ်း(ခ)မောင်အုန်း
ထူထောင်ရေး
  • ပုဂံတိုင်းပြည် - ၁၀၄၄-၁၂၈၇
  • တိုင်းပြည်အသေးများ - ၁၂၈၇-၁၅၃၁
  • တောင်ငူတိုင်းပြည် - ၁၅၃၁-၁၇၅၂
  • ကုန်ဘောင်တိုင်းပြည် - ၁၇၅၂-၁၈၈၅
  • ကိုလိုနီအုပ်ချုပ်ရေးခေတ် - ၁၈၈၆-၁၉၄၈
  • လွတ်လပ်ရေး - ၄ ဇန်နဝါရီ ၁၉၄၈
စီးပွားရေး
GDP(PPP)
total
US $၅၉.၉၀၄ သိန်းကုဋေ (အဆင့် - ၇၉)
GDP(PPP)
per capita
US $၁,၀၃၉ (အဆင့် - ၁၆၂)
HDI ၀.၉၅၂ (အမြင့်) (အဆင့် - ၁၁)
ဗဟိုဘဏ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ငွေ ကျပ် (MMK "K")
နိုင်ငံတော်အထိမ်းအမှတ်များ
အထိမ်းအမှတ်များ ပန်း - ပိတောက်[1]၊ သစ်ပင် - ကျွန်း
ISO 3166-1 MM
CCLTD .mm
Calling code +၉၅

    0 comments em “မြန်မာ နိုင်ငံ”

    Post a Comment

    best blogger tips