some text some text some text some text some text some text
အမှတ်စဉ်(၅၁)သူငယ်ချင်းများ နိုင်ငံ့တာဝန်များကို ဆထက်တံပိုး ထမ်းဆောင်နိုင်ပါစေ

ADMIN နှင့်ဆက်သွယ်ရန်

Friday, September 23, 2011

အမှတ်တရရုရှား

ဒီနေ့တော့ ကျွန်တော် ကျွန်တော်တို့ ရုရှားနိုင်ငံမှာ ဆရာ ဆရာမများနဲ့ အတူ လေ့လာရေးခရီးစဉ်လေး သွားတုန်းက ပုံလေးတွေကို ကျွန်တော် တို့ အတန်းဖေါ်သူငယ်ချင်းများနဲ့ အမှတ်တရ အဖြစ်ကျန်ခဲ့အောင် ဒီပိုစ့်လေး ကို ရေးဖြစ်ခဲ့တာပါ။ ကျွှန်တော်တို့ အတန်းက လူ ရှစ်ယောက်ရှိပါတယ် ဆရာမကတော့ နှစ်ယောက်ပေါ့။။ ဆရာမအကြီးတစ်ယောက်ကတော့ အသက်က ခုနှစ်ဆယ် နားကိုကပ်နေပါပြီ.။အသင်အပြကလည်း ၀ါရင့်နေတော့ ကျွန်တော်တို့တွေ အတွက် စာသင်ရတာ အဆင်ပြေပါတယ်...နောက်တစ်ယောက်ကတော့ ဆရာမငယ်လေးပါ။ အသက် က 26 ကျော်ပဲ ရှိပါသေးတယ်။ဆရာမလေး ကတော့ ငယ်ရွယ်တဲ့အတိုင်း စာသင်ရတာ စိတ်တော်တော်ကို ကြည်ပါတယ် ကျွန်တော်တို့အတွက်လေ..စာသင်တာလည်း ကောင်းတယ် ..တစ်ခါတစ်လေ သူက ကျွန်တော်တို့ ကို ပျော်ရွင်အောင် ပါဆယ် ဂိန်းလေး တွေလုပ်ပေးတယ်..တော်တော်ကို သဘောကောင်းတဲ့ ကျွန်တော်တို့ ဆရာမတွေပါ..တစ်ကယ်တန်းကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက ဆရာဆရာမတွေလိုပဲ သူတို့မှာလဲ စေတနာ ၀ါသနာ ဂရုနာ အနစ်နာ ဆိုတဲ့ နာလေးနာ အပြည့်အ၀ထားပြီး သင်ကြားပေးတဲ့ ဆရာမတွေပါပဲ ...ဆရာမအကြီး ဆိုရင် ကျွန်တော်တို့ကို ကိုယ့်ရဲ့မြေးတစ်ယောက်လိုပဲ အရမ်းကို ဂရုစိုက်လွန်းပါတယ်..ကျန်းမာရေးက အစပေါ့...အင်း ကျွန်တော်တို့ ဆရာမတွေအကြောင်း ပြောရမယ်ဆိုရင် တစ်နှစ်ကျော် သူတို့နဲ့စာသင်လာခဲ့တာ ပြောစရာတွေ အများကြီးပါပဲ..ဆက်ပြောနေရင် လိုရင်းမရောက်ပဲ စာ ရှည်သွားတော့မှာ ..အဲ့တော့ ကျွန်တော် အခု ကျွန်တော်တို့ စာသင်ခန်းထဲက သူငယ်ချင်း(မြန်မာသူငယ်ချင်း) များရယ် ဆရာမတွေနဲ့ ရိုက်ထားတဲ့ ပုံတွေရယ် သီချင်းလေး တစ်ပုဒ်ရယ်ကို တင်ပေးမယ်နော်...အားလုံးသူငယ်ချင်းများလည်း ကြည့်လို့ရအောင်ပေါ့....


 ခုအောက်က ပုံက ဆရာမငယ်လေး ပုံပေါ့.....

ပုံတွေကတော့ တင်မယ်ဆိုရင် အများကြီးပေါ့ဗျာ..ခုအပေါ်က ပုံက ကျွန်တော်တို့ 
 ဆရာမကြီးပုံပေါ့။။။

ဗီဒီယိုသီချင်းလေး လည်း နားဆင်သွားပါအုံး






အားလုံးကို ကျေးဇူးတင်ပါတယ်..
ဒါတွေဟာတစ်ကယ့်အမှတ်တရတွေပါပဲ...

0 comments em “အမှတ်တရရုရှား”

Post a Comment

best blogger tips