some text some text some text some text some text some text
အမှတ်စဉ်(၅၁)သူငယ်ချင်းများ နိုင်ငံ့တာဝန်များကို ဆထက်တံပိုး ထမ်းဆောင်နိုင်ပါစေ

ADMIN နှင့်ဆက်သွယ်ရန်

Saturday, September 10, 2011

မိန်းကလေးတစ်ယောက်သို့ သဝဏ်လွှာ



မိန်းကလေးရေ....
ကျေးဇူးတင်ပါတယ်
ချစ်တတ်အောင်သင်ပေးလို့...
ခံစားရပါတယ်
ငါ့အချစ်တွေ မလေးစားခဲ့လို့...
ဝမ်းသာမိပါတယ်
မင်းကြောင့် ငါစာတွေ ပိုရေးတတ်လာလို့...
လေးစားရပါတယ်
မင်းစကား တတ်လွန်းလို့...
သာယာမိသွားတယ်
မင်းအသံ ချိုလွန်းလို့...
သင်ခန်းစာရလိုက်ပါတယ်
လူတိုင်းဟာ ကိုယ်ချစ်သလောက် ပြန်မချစ်နိုင်မှန်း...
နားလည်သွားပါတယ်
မင်းတကယ် ငါ့ကို ကစားခဲ့တယ်ဆိုတာ...
မင်းပျော်သွားမှာပေါ့
မင်းက အနိုင်နဲ့ ပိုင်းနိုင်ခဲ့ပြီပဲ...
မင်းသာပျော်မယ်ဆိုရင်
ကောင်းကင်တမွတ် ကြယ်ကိုဆွတ်ပြီး မပေးနိုင်ရင်တောင်...
မင်းနဲ့ ဆိုင်တဲ့ ငါ့ရဲ့ အသည်းနှလုံးကို
ရင်ခွဲပြီးပေးမယ့်သူပါ....
ဆက်လက်ပျော်ရွှင်နိုင်ပါစေ ကောင်မလေးရေ~~~~~~
သူငယ်ချင်းများကိုလေးစားလျှက်
ကိုနေ

2 comments em “မိန်းကလေးတစ်ယောက်သို့ သဝဏ်လွှာ”

  • September 10, 2011 at 10:40 AM
    aungchanphyo Disse:

    ငါ့ဂါတင်ပို့စ် တင်တာတော့ ရင်ထဲက ခံစားချက်နဲ့စတာပဲပေါ့ ဟုတ်
    လား စစ်တက္ကသိုလ် ကဗျာလေးတွေရှိရင်တင်ပေးပါအုံးကွာ...

    delete
  • September 12, 2011 at 2:17 AM
    phyu lay Disse:

    ချစ်တတ်အောင်သင်ပေးသွားတဲ့ကောင်မလေးကို မမုန်းဘူးလားဟင်.......

    delete

Post a Comment

best blogger tips