some text some text some text some text some text some text
အမှတ်စဉ်(၅၁)သူငယ်ချင်းများ နိုင်ငံ့တာဝန်များကို ဆထက်တံပိုး ထမ်းဆောင်နိုင်ပါစေ

ADMIN နှင့်ဆက်သွယ်ရန်

Monday, October 3, 2011

A Unique Style Drop Down Bar Navigation Menu For Blogger

ဒီနေ့တော့ blogger သမားတွေအတွက် နောက် တစ်မျိုး drop down menu လေးလုပ်တဲ့ ကုဒ်လေး ကိုတင်ပေးလိုက်ပါတယ်..ပုံက တော့အောက်မှာကြည့်ပါ...




သူ့ကို ဘယ်လိုထည့်လဲဆိုရင်..

Add The Bold Red Drop Down Menu To Blogger

ဒီနေ့တော့ blogger သမားတွေအတွက် အနီရောင် drop down menu လေးလုပ်တဲ့ ကုဒ်လေး ကိုတင်ပေးလိုက်ပါတယ်..ပုံက တော့အောက်မှာကြည့်ပါ...

 သူ့ကို ဘယ်လိုထည့်လဲဆိုရင်..

Saturday, September 24, 2011

java script calculator


နမူနာ   














 ဒီနေ့တော့ ကျွန်တော်   java script programming နဲ့ရေးထားတဲ့calculator လေးကို တင်လိုက်ပါတယ် ...စမ်းကြည့်ချင်သူများအတွက်ပါ။။ကျွန်တော်လည်း စမ်းကြည့်ရင်း တွေးမိလို့ ပြန်မျဝေတာပါ။။။သူ့ရဲ့ code ကတော့ အောက်မှာယူပါခင်ဗျာ..code က ရှင်းပါတယ်.. ကြည့်လိုက်ရင်သဘောပေါက်မှာပါ...

<form name="Calc" id="Calc">
<table border="4">
<tr> <td>
<input type="text"   name="Input" size="16" />

</td> </tr>
<legend>နမူနာ</legend>
<tr> <td>
<input name="one" onclick="Calc.Input.value += '1'" type="button" value="  ၁ " /> <input name="two" onclick="Calc.Input.value += '2'" type="button" value="  ၂  " /> <input name="three" onclick="Calc.Input.value += '3'" type="button" value="  ၃  " />    <input name="four" onclick="Calc.Input.value += '4'" type="button" value="  ၄  " /> <input name="five" onclick="Calc.Input.value += '5'" type="button" value="  ၅ " />


<input name="six" onclick="Calc.Input.value += '6'" type="button" value="  ၆  " />   <input name="seven" onclick="Calc.Input.value += '7'" type="button" value=" ၇ " /> <input name="eight" onclick="Calc.Input.value += '8'" type="button" value="  ၈  " /> <input name="nine" onclick="Calc.Input.value += '9'" type="button" value="  ၉  " /><input name="zero" onclick="Calc.Input.value += '0'" type="button" value=" ၀  " /> </td></tr>
<tr> <td>
<input name="plus" onclick="Calc.Input.value += ' + '" type="button" value="  အပေါင်း  " />
<input name="minus" onclick="Calc.Input.value += ' - '" type="button" value="  အနုတ်  " />
<input name="times" onclick="Calc.Input.value += ' * '" type="button" value="  အမြောက်  " /> <input name="div" onclick="Calc.Input.value += ' / '" type="button" value="  အစား  " />
<input type="button" name="DoIt"  value="  ညီမျခြင်း  " onclick="Calc.Input.value = eval(Calc.Input.value)" />
<input name="clear" onclick="Calc.Input.value = ''" type="button" value="  ဖျက်ရန်  " /></td><td>
</table>
</form>

ဒီတိုင်းလို့မရည်ရွယ်ပါဘူး မိမိကြိုက်သလို ဒီဇိုင်းတွေအများကြီးပြောင်းလို့ရပါတယ်...
အားလုံးကို ခင်မင် လျက်...










Friday, September 23, 2011

အမှတ်တရရုရှား

ဒီနေ့တော့ ကျွန်တော် ကျွန်တော်တို့ ရုရှားနိုင်ငံမှာ ဆရာ ဆရာမများနဲ့ အတူ လေ့လာရေးခရီးစဉ်လေး သွားတုန်းက ပုံလေးတွေကို ကျွန်တော် တို့ အတန်းဖေါ်သူငယ်ချင်းများနဲ့ အမှတ်တရ အဖြစ်ကျန်ခဲ့အောင် ဒီပိုစ့်လေး ကို ရေးဖြစ်ခဲ့တာပါ။ ကျွှန်တော်တို့ အတန်းက လူ ရှစ်ယောက်ရှိပါတယ် ဆရာမကတော့ နှစ်ယောက်ပေါ့။။ ဆရာမအကြီးတစ်ယောက်ကတော့ အသက်က ခုနှစ်ဆယ် နားကိုကပ်နေပါပြီ.။အသင်အပြကလည်း ၀ါရင့်နေတော့ ကျွန်တော်တို့တွေ အတွက် စာသင်ရတာ အဆင်ပြေပါတယ်...နောက်တစ်ယောက်ကတော့ ဆရာမငယ်လေးပါ။ အသက် က 26 ကျော်ပဲ ရှိပါသေးတယ်။ဆရာမလေး ကတော့ ငယ်ရွယ်တဲ့အတိုင်း စာသင်ရတာ စိတ်တော်တော်ကို ကြည်ပါတယ် ကျွန်တော်တို့အတွက်လေ..စာသင်တာလည်း ကောင်းတယ် ..တစ်ခါတစ်လေ သူက ကျွန်တော်တို့ ကို ပျော်ရွင်အောင် ပါဆယ် ဂိန်းလေး တွေလုပ်ပေးတယ်..တော်တော်ကို သဘောကောင်းတဲ့ ကျွန်တော်တို့ ဆရာမတွေပါ..တစ်ကယ်တန်းကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက ဆရာဆရာမတွေလိုပဲ သူတို့မှာလဲ စေတနာ ၀ါသနာ ဂရုနာ အနစ်နာ ဆိုတဲ့ နာလေးနာ အပြည့်အ၀ထားပြီး သင်ကြားပေးတဲ့ ဆရာမတွေပါပဲ ...ဆရာမအကြီး ဆိုရင် ကျွန်တော်တို့ကို ကိုယ့်ရဲ့မြေးတစ်ယောက်လိုပဲ အရမ်းကို ဂရုစိုက်လွန်းပါတယ်..ကျန်းမာရေးက အစပေါ့...အင်း ကျွန်တော်တို့ ဆရာမတွေအကြောင်း ပြောရမယ်ဆိုရင် တစ်နှစ်ကျော် သူတို့နဲ့စာသင်လာခဲ့တာ ပြောစရာတွေ အများကြီးပါပဲ..ဆက်ပြောနေရင် လိုရင်းမရောက်ပဲ စာ ရှည်သွားတော့မှာ ..အဲ့တော့ ကျွန်တော် အခု ကျွန်တော်တို့ စာသင်ခန်းထဲက သူငယ်ချင်း(မြန်မာသူငယ်ချင်း) များရယ် ဆရာမတွေနဲ့ ရိုက်ထားတဲ့ ပုံတွေရယ် သီချင်းလေး တစ်ပုဒ်ရယ်ကို တင်ပေးမယ်နော်...အားလုံးသူငယ်ချင်းများလည်း ကြည့်လို့ရအောင်ပေါ့....


 ခုအောက်က ပုံက ဆရာမငယ်လေး ပုံပေါ့.....

ပုံတွေကတော့ တင်မယ်ဆိုရင် အများကြီးပေါ့ဗျာ..ခုအပေါ်က ပုံက ကျွန်တော်တို့ 
 ဆရာမကြီးပုံပေါ့။။။

ဗီဒီယိုသီချင်းလေး လည်း နားဆင်သွားပါအုံး






အားလုံးကို ကျေးဇူးတင်ပါတယ်..
ဒါတွေဟာတစ်ကယ့်အမှတ်တရတွေပါပဲ...

Thursday, September 22, 2011

အမှတ်စဉ်(၅၁)သီချင်း Player

ကျွန်တော်လည်း အင်တိတ်ဘလော့မှာ စာမရေးဖြစ်နိုင်သေးဖြစ်နေတယ် ခုတော့ ကြုံတုန်း အင်တိတ်အတွက် လို့၇ည်ရွယ်ပြီး virtual basic 8.0 programming နဲ့ရေးထားတဲ့ mp3 player လေးတစ်ခုကို ပြန်မျဝေလိုက်ပါတယ်
အထဲမှာကတော့ ကျွန်တော် window media player ကိုအမှီပြုပြီး ရေးထားတာပါ။ function ကတော့ မစုံသေးပါဘူး လိုပါသေးတယ် ကျွန်တော်function တွေစုံပြီး design လေးလှအောင် ပြန်လည် ဖန်တီးပေးမှာပါ။
ခု ကကျောင်းက တစ်ဘက်နဲ့ဆိုတော့ ဒီနေရာကို သိပ်မရောက်ဖြစ်ဘူး ။ သူများရေးထားတာပဲ လိုက်ဖတ်နေတာ ဟဲ..ပြီးတော့ အဲ့တာကို ဘယ်လိုရေးတယ် ဘယ်လို export လုပ်တယ်ဆိုတာကို လည်း ကျွန်တော် နောက်တစ်ကြိမ် function စုံစုံညီညီနဲ့ ဒီဇိုင်း လှတဲ့ player ကိုတင်တဲ့အချိန်မှာ တစ်ပါတည်းရှင်းပြပေးသွားပါ့မယ်..  ခုအောက်က ပုံကတော့ ကျွန်တော်တို့ အင်တိတ်အတွက် လုပ်ကြည့်ထားတဲ့ player design ပုံလေးပါ...


 အခုက ဒီ player လေးထဲမှာ video သီချင်းလေးတွေလည်း တစ်ချို့ထည့် ကြည့်လို့ရပါတယ် ပုံမှန်ဆိုဒ်နဲ့
ကြည့်ပါ။ သူက flv file type ကြတော့ ကြည့်လို့မရပါဘူး ။ mp3 ကြတော့ အကုန်လုံးရပါတယ်။ ဒီ player လေးက mp3 အတွက်ပဲ အဓိက ထားလုပ် ထားတာပါ။ ခုအဲ့ဒီဇိုင်းလေး နဲ့ player လေးကို ကျွန်တော် 
သူငယ်ချင်းများ အတွက် ပြန်မျ ဝေပါတယ်။။နောက်ထပ် functions ပြည့်စုံ တဲ့ player လေး တင်ရင်လည်း လာရောက် အားပေးကြပါအုံးခင်ဗျာ။။သူကတော့ ရမ်း စရာမလိုပါဘူးအထဲမှာပါတဲ့ ဘတ်တံဆိပ် ပုံလေးပါတဲ့ ဟာကို နှစ်ချက်နှိပ်ပြီး သီချင်းထည့် လိုက်ရင်ရပါပြီ။။။

ဒီအောက်ကလင့်မှာဒေါင်းပါခင်ဗျာ

ခင်မင်လေးစားလျက်
အောင်ဖြိုး








Wednesday, September 21, 2011

ရင်တွင်းဖြစ်(၄)


Friends18.com Orkut Scraps

အနုအရွတွေ မခံစားတက်တဲ့ငါ
မင်းနဲ့ တွေ့ မှ ကဗျာ ဆန်တက်လာတယ်.........
အမြဲတမ်းအသဲ မာတက်တဲ့ ငါ
မင်းနဲ့ တွေ့ မှ အရည်ပျော်တက်လာတယ်
သိမ်းပိုက်ခြင်းတွေ ကင်းခဲ့တဲ့ငါ
မင်းနဲ့ တွေ့ မှ အတ္တတွေ ထားတက်လာတယ်
တစ်ယောက်ထဲလည်း နေတက်တဲ့ ငါ မင်းနဲ့ တွေ့ မှ
အနာဂတ်ဆိုတာကို မြင်တက်ခဲ့တယ်
အမြဲတမ်း တစ်ကိုယ်တော် နေခဲ့တဲ့ငါ
မင်းနဲ့ တွေ့ မှ အထီးကျန်ခဲ့ မှာ ကြောက်တက်လာတယ် Written by Poem Crazy

အမိစစ်တက္ကသိုလ်

"အမိတက္ကသိုလ်"
ရာသီတွေပြောင်း 
 နှစ်တွေဟောင်းလည်း
မရှေးမနှောင်း "သူရဲကောင်း" တို.
  မွေးထုတ်ပေးသော "တက္ကသိုလ်"
 
စွမ်းရည်ထက်မြတ်
အမျိုးမြတ်တို.
တတ်ရောက်သင်ကြား
  "စစ်နဲ.စာပေ" ပညာများကို
မချွင်းမချန်
စုံစုံလင်လင် သင်ကြားပေးသော" တက္ကသိုလ်"
 
ထင်ပေါ်ကျော်ကြား
သတင်းများနှင်.
ကမ္ဘာအလယ် ထည်ထည်ဝါအောင်
  ဖော်ဆောင်ပြသ
  ဂုဏ်ယူထိုက်သော "တက္ကသိုလ်"
 
ပညာပြည်.စုံ နိုင်ငံဂုဏ်ကို
ဖော်ဆောင်နိုင်ရန်
မွေးထုတ်သင်ကြား
ခေါင်းဆောင်များဖြင်. အဓွန်.ရှည်တည်တန်.နေတော.မည်။Rkar(ZGN)

စစ်ထွက်မှာတမ်း


ချစ်သမျှကို

စိတ်ချလို့ ယုံပါခင်..။

ကြင်စဦး ကျေနပ်စေဖို့

"အမျက်ဖြေ"လှစ်ကာပြောလျှင်

ချစ်သံယောဇဉ်။

ခင့်အနားမခွဲအစဉ်

အမြဲပင်နေချင်ခဲ့။

ပြည်ချစ်စစ်သားပေမို့

ထိပါးသူ ရန်ခပင်းကို

နှိမ်နင်းကာဖျက်ချေမူန်ဖို့

စစ်မြေဆီ စစ်ချီသွားရတယ်

နားလည်ထားကွယ့်။ ။Rkar(ZGN)

Tuesday, September 20, 2011

ဧရာဝတီ အပေါ် မှန်ကန်စွာတန်ဖိုးထားနိုင်ပါစေ

ကိစ္စ တစ်ခုအပေါ် အခြေခံ ၍ စာရေးသူ အတော်များများ ဟာ ကိုယ်ပိုင် စိတ်ကူး ၊ ထင်မြင်ချက်များကို ဖော်ပြကြတာတွေ့ရပါတယ်။ မှန်ပါတယ်။ ကိုယ်ပိုင် ထင်မြင်ချက်တွေကို ဖော်ပြကြတယ်ဆိုတာ လက်ခံနိုင်တဲ့ အကြောင်းအရာတစ်ခုပါ။ထို ဖော်ပြချက်များဖြင့် စာဖတ် ပရိတ်သတ်တို့ မတွေးမိ မမြင်မိ
သည်များကို အသိပေးရာ ကျသဖြင့် အလွန် အဖိုးတန်လှပါတယ်။ထိုကဲ့သို့သော အဖိုးတန် စာပေများကို တဖက်စောင်းနင်း ရေးသားခြင်းများကတော့ အလွန် စိတ်ပျက်စရာကောင်းလှပါတယ်။


ယခုလက်ရှိ ဧရာဝတီ မြစ်စုံ စီမံကိန်း နှင့် ပက်သက် ၍ စာရေးသူ အချို့ မှာ အဆိုးဘက်ကို သာဇောင်းပေးရးသားခြင်းမျိုးတွေ့ ရပါတယ်။ကိစ္စတခုဆောင်ရွက်မည်ဆို ပါက မလုပ်ဆောင်မီအချိန်မှစ၍
တိကျ သေချာစွာ ဖြစ်ပေါ်လာမည့်အကောင်း နှင့်အဆိုး ကိုသာနှိုင်းယှဉ်တွက်ဆသင့်ပါသည်။
အကောင်း နှင့် အဆိုး တွင်ကောင်းကျိုးက များနေမယ် ဆိုရင် ထို အလုပ်ကို အကောင်အထည်ဖော်
မလုပ်ဆောင်သင့်ဘူးလား။ဧရာဝတီ မြစ်စုံ နှင့် ပက်သက် ပြီး ဆိုးကျိုးမြောက်မြားစွာ ကို
ထောက်ပြရေးသားထားသော စာရေးသူ တို့တွင်သူတို့ ထင်မြင်နေသော အချက်များတွင် မည်သည့် အရာ က သေချာပေါက် ဖြစ်ပေါ်လာမယ် ဆိုတာပါပါသလဲ။ဖြစ်လာနိုင်သည် တွေက များနေတာတွေ့ ရ ပါတယ်။
သူတို့ ရေးသားသည်များ တွင် ဖြစ်ပေါ်လာမယ့် အကျိုး ဆိုတာ မရှိတော့ဘူးလား။ ထိုသူတို့ စိတ်ဓါတ် များ
ဟာ ဤ မျှ အဆိုးဘက်တွင်သာ ဖြစ်တည်နေပြီလား။ထိုသို့ အဆိုးဘက်တွင်သာ အားသန်နေသော
သူများတွင် မည်သည့် အလုပ်အကိုင်မျှ ဖြစ်လာနိုင်စရာ အကြောင်းမရှိတော့ပါ။ဒီလိုတွေးပူ နေခြင်းကိုက
ဘယ်အလုပ်မျှ ကို မဖြစ်ထွန်းစေနိုင်ပါ။ဖြစ်သွားရင်ဖြင့် ၊ ဖြစ်သွားလိမ့်နိုး များဖြင့်သာ သံသရာလည်နေမှာ
အသေအချာပါပဲ။


အကောင်း နှင့် အဆိုး ဟူသည် အမြဲဒွန်တွဲ နေတတ်သည့်အရာတွေဖြစ်ပါတယ်။ဒါ့ကြောင့် ဘယ်ကိစ္စ မှာမဆို အကောင်း၊အဆိုး ဆိုတာကတော့ရှိနေမှာပါ။အဆိုးတွေကိုပဲ မြင်ပြီး စိုးရိမ်ပူပန်နေမိပြီ ဆိုပါက ဘယ်အရာမှမဖြစ်လာနိုင်ပါဘူး။ဘာမှဖြစ်မလာဘူးဆိုမှတော့ အောင်မြင်မှု့ ဆိုတာ ဘယ်လာရှိမှာတုန်း။
သင့်မှာ ထိုသို့ စိတ်မျိုး ရှိနေပြီဆိုက သင် ဟာ အောင်မြင် မှု့ နဲ့ဝေးကွာသူ တစ်ဦး ဖြစ်နေပြီဆိုတာယုံမှား
သံသယဖြစ်စရာမရှိပါဘူး။အောင်မြင်မှု့ ဆိုတာ မရှိဘူးဆိုလျှင်တော့သင်စိတ်ပျက်မိမှာအမှန် ဖြစ်ပါတယ်။
သို့သော် ကြိုးစားအားထုတ်မှု့ မပြုဘူးဆိုလျှင်တော့ သင့် တဘ၀လုံး သေသွားမှာပါ။


စာရေးသူအတော်များများမှ ဧရာဝတီ ၏ နောင်ရေးအတွက် စိုးရိမ်းကြောင်းရေးသားထားတာတွေ
တွေ့ရတယ်ဗျ။"သင် စိုးရိမ်ပူပန် နေသော အရာ တို့၏ ၉၉ ရာခိုင်နှုန်း မျှသည် လုံးဝဖြစ်လာလိမ့်မည် မဟုတ်"ဟူ၍ စိတ်ပညာ သုတေသီတို့က ရဲရဲဝံ့ဝံ့ အာမခံခဲ့ဖူးပါတယ်။ဒါ့ကြောင့် ကျွန်တော်တို့ခင်ဗျားတို့ရဲ့
စိုးရိမ် ပူပန်နေမှု့ တွေကို လျော့မချသင့်ပေဘူးလား ..........
William Ralph Inge ဆိုသူကလည်း "စိုးရိမ်သောက ဟူသည် နောင်ကြုံတွေ့ ရမည့် ဒုက္ခ အတွက်
အတိုးများ ကြိုတင်ပေးဆပ်နေရခြင်းဖြစ်သည်" တဲ့...။ခင်ဗျား တို့ ကျွန်တော် တို့ ကရော ထိုကဲ့သို့ အတိုးများ ကိုကြိုတင် ပေးချင်လို့လား။အမှန်တကယ် ဖြစ်သင့်သည်မှာ စောစော ကပြောခဲ့သလို
အကောင်းအဆိုး ကို နှိုင်းယှဉ်၊ ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများကို အနည်းဆုံးဖြစ်အောင် ဘယ်လိုကြိုတင် ကာကွယ်နိုင်မယ် ၊ ရရှိလာမည့် ကောင်းကျိုး တွေကို ဘယ်ပုံ ဘယ်နည်း နဲ့ပို၍ တိုးပွား စေနိုင်မယ်
စတာတွေကို တွေးတောလုပ်ဆောင်ကြဖို့ မဟုတ်ပေဘူးလား။အဆိုး ဘက်မှာ ပဲ ခေါင်းနှစ် မထားကြဖို့
တိုက်တွန်းချင်ပါတယ်။အောင်မြင်မှု့ ဆိုတာ ဟာ ငွေ နှင့်ပေးဝယ် ၍ မရနိုင်ပါ။အောင်မြင်မှု့ ရရှိ ရန်အတွက် မှန်ကန်သော တွေးခေါ်မှု့၊အကောင်အထည်ဖော် ဆောင်ရွက်မှု့ ၊ အားထုတ် ကြိုးပမ်းမှု့ ၊
အပင်ပန်းခံ နိုင်မှု့ တို့ ပေါင်းစပ်မှသာရရှိနိုင်တာပါ။


တရုတ် နိုင်ငံ ရဲ့ မြစ်ဝါမြစ် ကဲ့သို့ ဧရာဝတီ ပါဖြစ်လာနိုင်သည်ဟုဆိုထားပါသည်။ဟုတ်ပါတယ် အဲ့အတိုင်းပဲ သွားမယ်ဆိုရင်တော့ အဲ့လိုပဲ မလွဲမသွေ ဖြစ်မှာအမှန်ပါ။တဖက်က လှည့်တွေးကြည့်ကြစို့လား။
မိမိ ရှေ့ တွင် ထိုကဲ့သို့ သာဓက ရှိနေသည် ဆို သည် ကပင် မိမိ အတွက် အကျိုး တစ်ခု မဟုတ်ပေဘူးလား။ထိုကဲ့ သို့မဖြစ်ပေါ်အောင်မည်သို့ လုပ်ဆောင်ရမည် ဘယ်လိုထိန်းသိမ်း ရမည်
ဆိုတဲ့ အသိတရားတွေ ကအမြတ်မဟုတ်ပေဘူးလား။ထိုအချက်ကို မတွေးတောမိကြတာလား သိလျက်နှင့်
ပင် မျက်နှာလွှဲထားသလား ဆိုတာတော့ ဖြင့် ကာယကံရှင်များသာ အသိဆုံးဖြစ်ပေလိမ့်မည်။
ဆည်တွေ ရေလှောင်တမံ တွေဟာ ဧရာဝတီ မြစ် ကို ပျက်စီး စေရန် တိမ်ကော စေတယ်၊
ဧရာဝတီ မြစ်ဟာ ကျွန်တော်တို့ နိုင်ငံ ၏ စိုက်ပျိုးမွေးမြူရေး အတွက်
အဓိကအသက်သွေးကြောဖြစ်တဲ့အတွက်ဆည်၊တမံများဆောက်လုပ်ခြင်းဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုထိခိုက်စေနိုင်တယ်လို့ ဆိုထားတယ်ဗျ။ဒီ အယူအဆ ကိုတော့ ကျွန်တော်
အပြည့်အ၀ ငြင်းဆို ပါတယ်။မြန်မာနိုင်ငံ ရဲ့စိုက်ပျိုးမွေးမြူရေး အတော်များများ အတွက် ဆည်၊တမံတွေ
ဟာဘယ်လောက်အရေးပါပြီးဘယ်လောက်အကျို ပြုနေတယ် ဆိုတာ အားလုံးအမြင်ပါ။တောင်သူဦးကြီးများ
အသိပါ။ဒါကို စိုက်ပျိုးမွေးမြူ မှု့ လုပ်ငန်းတွေ မှာ ထိခိုက်ပြီး မြန်မာနိုင်ငံရှိလူအများစားနပ်ရိက္ခာရှားပါးမယ်၊
ကုန်းကောက်စရာမရှိအောင် ဆင်းရဲ မွဲတေမယ်ဆိုတာတော့ ဖြင့် ဘယ်လိုမှ လက်ခံ နိုင်စရာ မရှိပါဘူး။
နောက်တစ်ခု မြန်မာနိုင်ငံ ရဲ့ လူဦးရေ ၆၀ ရာခိုင်နှုန်း ခန့်ဟာ သွားရေးလာရေး စားရေးသောက်ရေးများ ကိုဧရာဝတီမြစ်ပေါ်မှာအခြေခံပြီးအသက်ရှင်နေရတယ်လို့ဆိုထားပါတယ်။မှန်ပါတယ်သို့သော်ခင်ဗျားတို့က
သူတို့ကိုမြစ်ကမ်းခြေမှာသာနေထိုင်ပြီးလှေဖြင့်သာခရီးသွားစေချင်သလား။သူတို့အတွက် အသိပညာဗဟုသုတတွေ မဖွင့်ပေးချင်တော့ဘူးလား။ဧရာဝတီ မြစ်စုံ မှရရှိလာမည့်အကျိုးအမြတ်များ ဖြင့်
ကျွန်တော်တို့တိုင်းပြည်တွင် လမ်း၊တံတားများ၊အဆင့်မြင့်အဆောက်အအုံများ၊အဆင့်မြင့်
ပညာသင်ကျောင်းများ၊တိုးချဲ့ဆောက်လုပ်လာနိုင်မည် ၊ ကျေးရွာဒေသများ တွင်ပါ သင့်တင့်သော
လျှပ်စစ်မီးများ ရရှိလာနိုင်သည်၊ကျေးရွာများရှိ ကလေးသူငယ်များ အဆင့်မြင့် ပညာများကိုအလွယ်တကူ
သင်ကြားလာနိုင်မည် ၊ ထိုအရာများဖြင့် နောင်တစ်ချိန် မျိုးဆက်သစ်များ ၏ အတွေးအခေါ် အနေအထိုင်များ အဆင့်အတန်းမြင့်လာမည်၊တိုင်းပြည်အဆင့်အတန်းမြင့်လာမည်စသည်များကိုလည်း ထည့်သွင်းစဉ်းစား
သင့်ပေသည်။မိမိတို့ကိုပေးထားသော သဘာဝတရားကို ဒီအတိုင်းထိန်းသိမ်းထားလျှင်
အချည်းနှီးသာဖြစ်ပေလိမ့်မည်။အကျိုးရှိအောင်အသုံးချတတ်မှသာ အကျိုးရှိပေလိမ့်မည်။
ဥပမာ ပြောရလျှင် မိမိတွင် ရှိသောငွေကြေးများကိုမြေကြီးအောက်တွင်မြှပ်နှံထား ရုံဖြင့် မတိုးပွားလာနိုင် အလုပ်တခုအပေါ် ရင်းနှီးမြှပ်နှံထားမှသာတိုးပွားနိုင်ပေမည်။မြေသြဇာများ ကို ဂိုဒေါင်တစ်ခုတွင်
သိမ်းဆည်းထားရုံမျှ ဖြင့်မည်သည့် အကျိုးမျှမဖြစ်လာနိုင်ပါ။လိုအပ်တဲ့ ပတ်ဝန်းကျင်သို့ဖြန့်ကျဲလိုက်မှသာ
လျှင်အသီးအပွင့်များဝေဆာလာနိုင်ပေမည်။မှန်ကန်စွာတွေးတောနိုင်ပါစေရန် ရည်ရွယ်ပါသည်။
လက်ရှိမြန်မာနိုင်ငံ ရှိလူအတော်များများမှာ နိုင်ငံတကာအရေးကိစ္စများအပေါ်တွင် အာရုံစိုက်မှု့အင်မတန်အားနည်းပါသည်။ထိုအရေးကိစ္စ ထက်မိမိ တို့၏ စားဝတ်နေရေး မိမိ တို့
အကျိုးစီးပွားတွင်သာအာရုံစိုက်၍ အေးဆေးစွာနေချင်ကြသည့် သူများကများပါလိမ့်မည်။
လေ့လာလိုက်စားရန် အတွက် အချိန်ပိုလည်းမရှိပါ။ထို့ကြောင့်တစ်စုံတစ်ဦးမှ ပြောဆိုလာသည်
ကိုပင် လက်ခံလိုက်တတ်ကြသည်က များပေသည်။ထိုအချက်ကို အခွင့်ကောင်းယူ၍ သူတို့၏ ဗဟုသုတများ ၊ အတွေးအခေါ် များကိုလွဲမှားသောလမ်းကြောင်းပေါ် သို့ ဆွဲခေါ်သည်များရှိနေပါသည်။


သူတစ်ပါး တိုင်းပြည်များကို အထင်ကြီးစိတ် အားကိုးစိတ်များ ဖြစ်ပေါ်စေရန် ၊မိမိ တိုင်းပြည်အပေါ်
အထင်သေးခြင်း၊အမြင်မှားခြင်းများဖြင့် မိမိ တိုင်းပြည် ငြိမ်းချမ်းခြင်းကို မလိုလားပဲ ဆူပူမှု့ များ
ဖြစ်ပေါ်စေရန် ရည်သန်၍ ရေးသားပြောဆိုခြင်းများကိုလဲ တွေ့မြင်နေရပါသည်။ ထို အချက်များကိုရှောင်ရှား ၍မြန်မာ တစ်မျိုးသားလုံး ၏ အသိ အမြင် များ ကို မိမိလိုရာသို့ ဆွဲခေါ် ခြင်းမျိုး မဟုတ်ပဲ မှန်ကန် မျှတ သော သတင်းဆောင်းပါးများ၊အတွေးအခေါ်များ ဖြင့် သာ မိမိတိုင်းပြည် နှင့် လူမျိုး အကျိုးစီးပွားကို
တတ်စွမ်းသမျှ မြှင့်တင်ကြရန် ဆန္ဒပြုရင်း.......................

http://aboutofmyanmar7.blogspot.com/2011/09/blog-post_03.html မှ ကူးယူဖော်ပြပါကြောင်း

မြစ်ဆုံဆည်ကြီးတည်ဆောက်ခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်မည့် ကောင်းကျိုးများ...

ဘာတွေ အကျိုးအမြတ်ရမလဲ… မင်းတို့ဟာက တရုတ်အတွက်ပါ… တရုတ်ကြီးကို ပေးနေတာပါ.. တရုတ်စီးပွားရေးပါကွာတဲ့… ဟုတ်ပီဗျာ… လက်ရှိအနေအထားဟာ.. နိုင်ငံတော် အတွက် တိုးတက်ရာ တိုးတက်ကြောင်းတွေကို ပြုပြင်ပြောင်းလဲ မွန်းမံနေတဲ့ အခါသမယဖြစ်တဲ့ အဲဒီအတွက်ကြောင့် နိုင်ငံ့ဝင်ငွေ တိုးပွားလာအောင် စီးပွားရေးရင်းနှီးမြုပ်နှံမှု စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေ၊ စီးပွားရေး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရမယ့် အခါသမယဖြစ်ပါတယ်… အဲဒီအချိန်မှာ… ကျွန်တော်တို့ဟာ.. ဒီပရောဂျက်ကို စထားပြီး မလုပ်ဘူး လုပ်ဖြစ်တော့ဘူးဆိုပြီး ဘုမသိဘမသိတဲ့ သူတွေ အော်သလို အေးကွာဖျက်လိုက် ကောင်းတယ် မလုပ်နဲ့ဆိုပြီး ဖျက်ပေးလိုက်ပါဘီဗျာ.. ကဲ.. နောက်ထပ် ရင်နှီးမြုပ်နှံမယ့် သူတွေ ရဲ့ ယုံကြည်မှုတွေကို ဘယ်လိုရယူတော့မလဲ… ??? ဒီမြန်မာနိုင်ငံကြီးက အလကားဟာတွေပါကွာ.. လွယ်လွယ်ကတိပေး ဟေးလာဝါးလားနဲ့ လွယ်လွယ်ဖျက်… စီးပွားရေးကို မညီမညွှတ်နဲ့ အဲလိုလုပ်တယ်ဆိုပြီး ဘယ်နိုင်ငံက လာရောက်ရင်းနှီး မြုပ်နှံတွေ လုပ်ကြတော့မှာလဲဗျာ…
ကဲ…ကွာ.. ဒီအစိုးရက ဆောက်ခွင့်ပေးလိုက်ပီ ကဲဘာအကျိုးအမြတ် ရမှာလဲ… ဟုတ်ကဲ့ဗျ.. စာဖတ်သူတို့ပဲ စဉ်းစားကြည့်ပေါ့ဗျာ.. အခုလက်ရှိ အစိုးရသက်တမ်းက ငါးနှစ်ဗျ လုပ်မယ့် ပရောဂျက်က ၈ နှစ်ကျော်ဆယ်နှစ်နီးပါးကြားမှာ.. နောက်အစိုးရ လက်ထပ်ကြမှ ကောင်းကျိုးတွေကို ခံစားရမှာ… အဲဒါကြောင့် လက်ရှိ အစိုးရက နာမည် အပျက်ခံပြီး ကောင်းရာ ကောင်းကျိုးကို လုပ်ပေးနေတယ်ဆိုတာ ထင်ရှားပါတယ်.. ကောင်းကျိုးတွေက ဘာတွေလဲ… ဘာတွေရမှာလဲ…??
ကျွန်တော်တို့က free power ၁၀% အလကားရတယ်။ ဒီကောင်က ၁၈၀၀၀ ထွက်ရင် ကျွန်တော်တို့က ၁၈၀၀ အလကားရမယ် ကျွန်တော်တို့ လက်ရှိတစ်နိုင်ငံလုံး သုံးနေတာထက် ၂၀၀ တောင်ပိုများတယ်နော်… စဉ်းစားကြည့်… ။ နောက်တစ်ခါ သူ့ဆီက သူက လာရောက်ရင်းနှီး မြှုပ်နှံတယ်။ ကျွန်တော်တို့ရဲ့ resource ကိုသုံးတာ ဖြစ်တဲ့အတွက် ၁၅% အရင်းထည့်ပေးရတယ်။ ကျွန်တော်တို့အရင်း၊ ကျွန်တော်တို့ free share ၁၅% ရတယ်။ ဒီလျှပ်စစ်က Both Country သုံးခွင့်ရှိတဲ့အတွက် နှစ်နိုင်ငံလုံး သုံးခွင့်ရှိတဲ့အတွက် ကျန်တဲ့ဟာကို ကျွန်တော်တို့ ကြိုက်သလောက် ၀ယ်သုံးလို့ရတယ်။ နောက်တစ်ခုက ရောင်းတိုင်း ရောင်းတိုင်းမှာ ၈% Commercial Tax ရတယ်။ နောက်တစ်ခါ မြတ်တဲ့ဟာရဲ့ ၃၀%။ ကျွန်တော် အမြတ်ဝေစုအဖြစ် ခွဲဝေရရှိတယ်။ တစ်ခါ အခြား မြတ်တဲ့အမြတ်ရဲ့ ၃၀% ခွဲဝေ ရရှိတယ်။ withholding tax ရတယ်။ သူ့ကို perception period ပြီးတဲ့အချိန်မှာ ဒီဆည်ကြီးဟာ… ကိုယ့် နိုင်ငံအပိုင်ဖြစ်လာမယ်။ အနှစ်သုံးဆယ် ရှိမှရမှာ ငါတို့က အမှိုက်ကောက်ဖို့ပဲ ကျန်တော့မှာပေါ့ဟဲ့… အဲလိုလဲ မဟုတ်သေးပါဘူး… ဒီရေအားလျှပ်စစ်က ပြန်လည် ပြည့်ဖြိုးမြဲစွမ်း အင်တစ်ခုဖြစ်ပါတယ်.. အဲဒါကြောင့် ထိန်းထိန်းသိမ်းသိမ်း အသုံးချမယ်ဆိုရင် နှစ်ပေါင်း ကြာရှည်ခံပါတယ်… အခု ကျွန်တော်တို့ နိုင်ငံမှာ လက်ရှိ လျှပ်စစ်ထုတ်နေတဲ့ ဘီလူးချောင်း က ၅၂ နှစ် ရှိပါပြီ။ ကြာရှည်ခံပါတယ်.. အဲဒါကြောင့် ဒီရေအားလျှပ်စစ်ကြီးဟာ နောင်တစ်ချိန် ကျွန်တော်တို့ ပိုင်လာတဲ့ အခါ လျှပ်စစ်တွေကို ပြည်တွင်းမှာ ဖူလုံစွာ ပေးသုံးနိုင်ရုံ မကပါဘူး ပိုရှံပါက တရုတ်ကို သူဆီနဲ့ သူ့ပြန်ကျော်စားလို့တောင် ရပါသေးတယ်… နောက်ပြီး တစ်ချို့ကလဲ ဒီမြစ်ဆုံ စီမံကိန်းကြီးကြောင့် နှစ်ငါးဆယ် လောက်ရှိရင် ဧရာဝတီမြစ်ကြီး ပျက်မှာတို့ဘာတို့ ပြောကြတယ်...အဲလိုလဲ မဖြစ်ပါဘူး…. ဘီလူးချောင်းစီမံကိန်းကြောင့် ဘီလူးချောင်းကြီး ပျက်စီးသွားပြီလို့ ဒီလိုမျိုးတွေ ကြားဖူးသလား မကြားဖူးပါဘူး ထိန်းသိမ်း စောင့်ရှောက်မှုတွေ လုပ်ရင်းနဲ့… စီးပွားရေး တွေလဲ အဆင်ပြေနိုင်ပါတယ်…
ကဲဗျာအဲဒါပြီးရင်.. ဒေသအတွင်း ရုပ်ပိုင်းဆိုင်ရာအရ တိုးတက်ပြောင်းလဲ မှုတွေကို ကြည့်ရအောင်ဗျာ… ဘယ်လိုလဲ ကျွန်တော်တို့ အရင်က မြစ်ဆုံလမ်းက ကြမ်းပါတယ်.. အခုလို စီမံကိန်း လုပ်လိုက်တာနဲ့ လမ်းတွေ ကောင်းသွားမယ်.. မြစ်ဆုံဒေသမှာ ဒီလိုဆည်ကြီး ဆောက်ပြီးသွားတဲ့အတွက် လာလေ့လာရင်း မြစ်ဆုံအလှကို ခံစားမယ့်သူတွေ ဧည့်သည်ခရီးသွားတွေ များလာမယ်… မြစ်ဆုံဒေသ မီး၂၄ နာရီအပြည့်နီးပါးရမှာ ဖြစ်တဲ့အတွက်… အစစ အရာရာ ဖွံ့ဖြိုးတိုးတက်လာမယ်… တရုတ်နိုင်ငံနဲ့လည်း အချိန်မရွေး၊ နေရာမရွေး စီးပွားရေး လုပ်ချင်သလို လုပ်လို့ရနိုင်တဲ့ ယုံကြည်မှုတွေ တည်တံ့နေစေမှာပါ… နောက်ပြီး လျှပ်စစ်မီးလဲ ကောင်းကောင်း ရလာလို့ ကျွန်တော်တို့ နိုင်ငံမှာ.. စီးပွားရေးအရ ရင်းနှီးမြုပ်နှံလို့ ရပါပြီ ယုံကြည်လို့ ရပါပီဆိုတဲ့ အချက်မှာ… လာရောက် ရင်းနှီးမြုပ်နှံချင်တဲ့ သူတွေ စိတ်ကို ခိုင်မာလာစေမယ်… အဲဒီအတွက် စက်ရုံ အလုပ်ရုံ စသဖြင့်ပေါ့ဗျာ… လာရောက် ရင်နှီးမြုပ်နှံမှုတွေ များလာစေနိုင်ပါတယ်.. (ဒီအချက်ကို ပြည်ပအတိုက်အခံ တော်တော်များများ မဖြစ်စေချင်ကြပါဘူး…)
ဒါတွေက ကျွန်တော် လက်လှမ်းမှီသလောက် စဉ်းစားမိတဲ့ အကျိုးရလဒ်တွေပါ…. ဒီထက် အကျိုးရှိတာတွေ အများကြီး ရှိနိုင်ပါတယ်…. (နည်းပညာတွေ၊ မြစ်ကြောင်းထိန်းသိမ်းမှု ပညာတွေ စသဖြင့်...) ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ.. သူများပြောတိုင်း မယုံကြပါနဲ့ ကိုယ်နိုင်ငံရေး ဖြစ်တဲ့အတွက် ကိုယ်ပိုင်ပဲ စဉ်းစားဆုံးဖြတ်ကြပါ… နိုင်ငံရေး အရှုပ်အထွေးမာယာ ပရိယာယ်တွေ ကြားထဲမှာ ပြည်ပက သေမထူးနေမထူး.. မြေခွေးတွေ အများကြီး ပဲလှော်ထဲကို ထည့်လှော်မယ့် ဆားတွေကို လိုက်ရှာရင်း အချောင် အခွင့်အရေးတွေကို စောင့်နေပါတယ်…
သတိထားနိုင်ကြပါစေ….
((သွေးသစ္စာ))
ယခုဆောင်းပါးအား myanmarexpress မှ ကိုသွေးသစ္စာတင်ပြမှုအား ပြန်လည် မျဝေပါသည်။
best blogger tips