some text some text some text some text some text some text
အမှတ်စဉ်(၅၁)သူငယ်ချင်းများ နိုင်ငံ့တာဝန်များကို ဆထက်တံပိုး ထမ်းဆောင်နိုင်ပါစေ

ADMIN နှင့်ဆက်သွယ်ရန်

Friday, September 9, 2011

ကဗျာ

အင်ဖက်မိုးပြီး ရေးတဲ့ကဗျာ” 
ကျနော်ငယ်ငယ်
အင်ဖက်မိုးနဲ့ ကျနော်တို့အိမ်ကလေး
မိုးလန့်ပြီး ယိုတဲ့ ညက
အဖေဟာ သန်တုန်းမြန်တုန်းပေါ့။

အခုတော့
အဖေက အသက် (၇၀)
တခေါင်းလုံး ဆွတ်ဆွတ်ဖြူနေပြီ။

ဟိုတုန်းကဆို
အဖေက ခေါင်မိုးစပ်နားထိတက်သွား
အမေက ကြမ်းပေါ်ကနေ ခြေဖျားထောက်ပြီး
အင်ဖက်ကမ်းတယ်လေ။

သူတို့လင်မယား
တိုးတိုးတိုးတိုး
ကျနော် နိုးမှာစိုးလို့တဲ့
တိတ်တဆိတ်နဲ့ ညစဉ်ဝင်လာ အိမ်မက်ကမ္ဘာထဲမှာ မင်းရဲ့ပုံရိပ်တွေ
ငုတ်တုတ်ထိုင်နေလေရဲ့...
လေပြင်းက ရိုက်ခတ်လိုက်တဲ့ ငါ့ရဲ့ပါးပြင်ပေါ်မှာ မိုးတွေရွာလို့
အေးစက်စက်ဖြစ်နေခဲ့တယ် ...
သြော် ..ကြေကွဲရပါလား ချစ်သူ ...


မင်းအတွက်ပဲ ထင်ပါတယ် ... သံစဉ်နဲ့ဝေးတဲ့ ငါ့ဂီတာလေးတောင်
အခန်းထောင့်မှာ ပင့်ကူအိမ်စွဲလို့ ....
ဝိုးတဝါးညရဲ့ကောင်းကင်မှာ လမင်းကို ခပ်ရေးရေးတွေ့ရတဲ့အခါ
ငါမင်းကို သတိရတယ် ...
အလုပ်မရှိတဲ့ခြင်ကောင်တွေကတော့ သွေးတစက်အတွက် ချွေးထွက်နေကြတယ် ...
ငါ့မှာက အပြုံးတခုအတွက် နှလုံးသားတစ်ခု လာဘ်ထိုးလိုက်ရတယ် ...

0 comments em “ကဗျာ”

Post a Comment

best blogger tips