ကျွန်တော်တို့အမှတ်စဉ်(၁၇၈)တပ်စုမှူးသင်တန်းတက်တုန်းကပေါ့..အရမ်းကို ပျော်စရာကောင်းလှပါတယ်..ပင်ပမ်းပေမယ့်နိုင်ငံတော်
အတွက်ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့အသိလေးနဲ့သင်တန်းတက်နေရင်းပျော်ရွှင်နေရတဲ့သင်တန်းသားဘ၀တွေပါ။။တစ်ကယ်လည်း အရမ်းကိုစိတ်ထဲမှာကြည်နူးနေခဲ့တာ အမှန်ပါ။။။တပ်မတော်သားတစ်ယောက်ရဲ့ ခက်ခဲကြမ်းတမ်းမှုကိုလည်း ပိုပြီးသိရှိလာရပါတယ်။။
ခုသီချင်းလေးနဲ့ ပြန်နားဆင်ကြည့်ပေးပါအုံးနော်...
ခုသီချင်းလေးကို ကြားမိတော့ ကျွန်တော်တို့အပါတ်စဉ် ဗထူးတပ်မြို့မှာ သင်တန်းတက်ခဲ့စဉ်က အဖြစ်အပျက်လေးတွေကို အရမ်းကို သတိရနေမိတယ်ဗျာ...သင်တန်းဆိုတာ ပင်ပမ်းပေမယ့် ကျွန်တော်တို့ စစ်သားတွေ အတွက် နိုင်ငံတော်နဲ့ပြည်သူ ကိုကာကွယ်ဖို့ အရည်အချင်းရှိပြီးခံနိုင်ရည် ရှိလာအောင်လေ့ကျင့်ပေးတယ် လို့ ခံယူထားတဲ့အတွက် ပျော်ရွှင် နေခဲ့၇တာပါ။။။
နောက်တစ်ကြိမ်ကျမယ် ဆိုရင် ကျွန်တော်တို့ တွေ တပ်ခွဲမှူးသင်တန်းမှာ ပြန်ဆုံကြအုံးမှာပါ..


အရမ်းကောင်းပါတယ် ညီလေးတို့ ဆက်လက်ပြီးအောင်မြင်အောင်ကြိုးစားနိုင်ပါစေ
@smnwဟုတ်ကဲ့အစ်ကို ခုလိုလာပေးတာ ကိုညီအရမ်းကျေးဇူးတင်ပါတယ် ညီတို့လည်း အင်တိတ်တစ်ခုအတွက်ရည်ရွှယ်ပြီးလုပ်တာတော့မဟုတ်ပါဘူး အားလုံးအတွက်ပါပါတယ်အစ်ကို..တပ်မတော်ဆိုတာတစ်ခုတည်းပါ..အားလုံးကိုခင်မင်လေးစားပါတယ်ခင်ဗျာ..