some text some text some text some text some text some text
အမှတ်စဉ်(၅၁)သူငယ်ချင်းများ နိုင်ငံ့တာဝန်များကို ဆထက်တံပိုး ထမ်းဆောင်နိုင်ပါစေ

ADMIN နှင့်ဆက်သွယ်ရန်

Sunday, September 18, 2011

ရူးသွပ်ခြင်း


ငါ ရူးသွပ်စွဲလန်းတဲ့ မန်ယူအသင်း

င့ါကို အကြိမ်ကြိမ် ပျော်ရွှင်စေခဲ့ပေမဲ့

ငါသိပ်ချစ်တဲ့ မင်း

ငါ့ကို အကြိမ်ကြိမ် စိတ်ညစ်စေခဲ့တယ်

မင်းအချစ်နဲ့ တစ်ရာသီစာသာဆုံပြီး

အလွမ်းဒဏ်ရာတွေနဲ့ တော့

ရင်ခွင်သစ်ကို ငါမပြောင်းချင်ပါဘူး

ဒဏ်ရာများနဲ့  ထိချက်နာနေတဲ့ ဘောလုံးသမား

ဘယ်အသင်းရောက်ရောက် အသုံးမတည့်သလို

ဒဏ်ရာများနဲ့ ထိချက်နာနေတဲ့ ငါ့နှလုံးသား

ဘယ်ရင်ခွင်ရောက်ရောက် အသုံးတည့်မှာမဟုတ်ဘူး

အသည်းကွဲတယ်ဆိုတာ

ဘောလုံးသမားစကားနဲ့ ပြောရရင်

ခက်ခဲတဲ့ ပွဲကြပ်ကာလကို ဖြတ်သန်းရသလိုပါပဲ

အခုတော့

အသင်းဟောင်းနဲ့ ပြန်ဆုံတဲ့ ဘောလုံးသမား

ရင်ခုန်စိတ်လှုပ်ရှားတတ်တာကို

အချစ်ဟောင်းနဲ့ ပြန်ဆုံတဲ့ ငါ့နှလုံးသား

နားလည်ခံစားတတ်လာပြီ

တစ်ခုတော့ပြောကြည့်မယ်..

အတွေ့ အကြုံများတဲ့ ဘောလုံးသမား

ဘောလုံးဗျူဟာ ကျွမ်းတာ မဆန်းသလို

အတွေ့ အကြုံမရှိတဲ့ ငါ့နှလုံသား

အချစ်ဗျူဟာ မကျွမ်းခဲ့တာ ဆန်းတယ်လို့ မခေါ်ဘူးနော်

တကယ်တော့

အချစ်ဆိုတာ ဘောလုံးကစားသလို

ပရိယာယ်ကြွယ်ကြွယ်နဲ့ 

အလိမ်အခေါက်များများသုံး

နည်းဗျူဟာ ကျွမ်းကျင်မှ

အဆုံးသတ်လှနိုင်မယ်ထင်တယ်....
ချစ်သူမြို့တော် ဘလော့မှကူးယူတင်ပြပါသည်၊၊၊၊၊

0 comments em “ရူးသွပ်ခြင်း”

Post a Comment

best blogger tips