some text some text some text some text some text some text
အမှတ်စဉ်(၅၁)သူငယ်ချင်းများ နိုင်ငံ့တာဝန်များကို ဆထက်တံပိုး ထမ်းဆောင်နိုင်ပါစေ

ADMIN နှင့်ဆက်သွယ်ရန်

Sunday, September 18, 2011

ချယ်ရီမြေမှ..အလွမ်းပေစာ


                                         အိုမိခင် ..မိခင်သင်ကြားပေးတဲ့ပညာကြောင့်
 
သားမောင်စစ်သား ရန်စွယ်များကို အောင်မြင်ခဲ့ပြီ..

အိုမိခင်..မိခင်လမ်းပြမှုကြောင့်

သားမောင်စစ်သား ပြည်ချစ်လမ်းကို လျောက်လှမ်းနိုင်ခဲ့ပြီ..

အိုမိခင်..မိခင်ဆုံးမမှုကြောင့်

သားမောင်စစ်သား တာဝန်ကျေပွန်နိုင်ခဲ့ပြီ..

အိုမိခင်...သားမောင်စစ်သား  

သစ္စာတရားနှင့် ကတိပြုပါ၏..

ပြည်ရွှာအေးချမ်း စည်ဖြာလန်းဖို့

နိုင်ငံအကျိုး ရှေ့ဆောင်မိုး၍

အသက်စတေး မနှေးဝံ့သာ

ထမ်းဆောင်ပါမည်…

အိုမိခင်..သားမောင်စစ်သား

အောင်လံဓါးနှင့် တစ်ခွင့်တစ်ခါကြုံသောခါဝယ်..

မိခင်ရင်ခွင် ခုံလှုံချင်၏..

သို့သော်ငြားလည်း နိုင်ငံ့အရေး

သွေးအရေးမို့ မဖြစ်သာဝယ်

စစ်သားပေမို့ မွေးဆွေးမျိုးထက်

မိပြည်သက်ကို ပိုချစ်ရာ၏။။

အိုမိခင်.. ဤလိုသားကောင်း

စစ်သည် လောင်းအတွက်


မလွမ်းမသိမ် မွေးအိမ်ငယ်မှာ

ဂုဏ်ယူလေးစား ပိတိပွားလော့…

 ရေးသူ ။အောင်ခိုင်ဖြိုး

0 comments em “ချယ်ရီမြေမှ..အလွမ်းပေစာ”

Post a Comment

best blogger tips